Part 17

851 47 6
                                    

Zawgyi Ver

ခြံထဲမှာ စိတ်အားလက်အားဖြစ်သည့်အခါတိုင်း စိုက်ပျိုးထားသည့် ပန်းပင်လေးတွေနဲ့ စိတ်ညစ်သည့်အခါတိုင်း သွားပြီးအပန်းဖြေနေတတ်တဲ့ cabin ပုံစံ သစ်သားနဲ့ဆောက်ထားတဲ့ ကိုယ်ပိုင်အခန်းငယ်လေး။
ဒီနေရာလေးက ဝန်းရံခရဲ့ သီးသန့်တည်နေရာလေးဖြစ်ပြီး
မည်သူတစ်ဦးတစ်ယောက်မှ ဝင်ထွက်သွားလာခွင့်မရှိသော အမြဲသော့ခတ်ထားတတ်သည့် နေရာလေးပင်ဖြစ်သည်။
အခန်းတံခါးဖွင့်လိုက်ချင်းမှာပဲ စိမ်းသက်သက်ပန်းရနံ့တစ်ချို့က နှာခေါင်းဝသို့ တိုးဝင်လို့လာနေသည်။

အခန်းထဲက ပန်းပင်လေးတွေကို ရေမလောင်းဖြစ်သည်မှာ အချိန်တစ်ပတ်ကျော်ကြာပြီဖြစ်သည့်အတွက် အပင်လေးတွေများ ရှင်သန်နေပါဦးမလား။

အိမ်ငယ်လေးဟာ သူ့ရဲ့နှလုံးသားငယ်နဲ့ ထပ်တူကျစွာပဲ ကုန်လွန်ခဲ့သော ခြောက်နှစ်တာကာလ၏ အေးစက်စက် အငွေ့အသက်တို့နှင့်အတူ အပြန်အလှန်အဖော်ပြုပေးလို့
ပန်းပျိုးလက်၏မျှော်လင့်ခြင်း
တစ်ပွေ့တပိုက်တို့ဖြင့် စိုက်ပျိုးခဲ့သော အထီးကျန်မှုရဲ့သင်္ကေတ အပင်ငယ်များမှာ အဖူးအပွင့်များဖြင့် အစီအရီ....။

မနိမ့်မမြင့်စင်တွေပေါ်မှာ အသီးသီးတည်ရှိနေတဲ့ ပန်းအိုးငယ်တွေထဲမှာ စိုက်ပျိုးထားသည့် ပန်းပင်တွေဟာ အမျိုးအစားအရောင်အသွေးစုံလင်လှစွာသော
တစ်ချိန်က တစ်စုံတစ်ဦး၏နှုတ်ဖျားက ထွက်ဆိုခဲ့ဖူးသည့်စကား..... ဆုံးရှုံးသွားသည့် အရာတွေကို ပြန်လည်ရယူနိုင်စွမ်းရှိသည် ဆိုသော မျှော်လင့်ခြင်း ပန်းပင်တွေသာလျှင်ဖြစ်သည်။
ယုံတမ်းပုံပြင်လေပဲလား ဘာရယ်မသိပေမယ့် သူကိုယ်တိုင်တောင် ဤအပင်ငယ်တွေအား ဘာကိုမျှော်လင့်ပြီး စိုက်ပျိုးခဲ့လေသလဲမသိနိုင်။
ဒီအပင်တွေကို တစ်စုံတစ်ဦးသာ မြင်သွားတဲ့အခါ တုံ့ပြန်မှုက မည်သို့ဖြစ်နိုင်သနည်း...။

အပင်ငယ်တွေကို ရေလောင်းပေါင်းသင်ပေးနေရာမှ အိမ်ရှေ့က ကားရပ်သံကို ကြားလိုက်ရသည်နှင့်အတူ မေမေ့ရဲ့အသံကိုပါ ကြားလိုက်မိသည်။
မကြာခင်မှာ ချက်ချင်းပဲ မျက်လုံးပြူးသွားရပြီး အိမ်ငယ်လေး ထဲကအမြန်ထွက် တံခါးသော့ခတ်ကာ သော့ထားနေကျ ပန်းအိုးကြားထဲ ကပျာကယာပစ်ထည့်ထားခဲ့သည်။

Smile AgainWhere stories live. Discover now