Part 2

1.7K 85 6
                                    

Zawgyi Ver

ဆေးရုံ အခန်းကြီးထဲမှာ နေရသည်က သိပ်ကို မွန်းကျပ်ဖွယ်ကောင်းလှတယ်။
သူ့ကို ဦးကြီးက တစ်ပတ်ပြည့်မှ ဆင်းခွင့်ပြုမယ်ဆိုလို့ တစ်ပတ်ပြည့်အောင် မှိတ်ကြိတ်နေ နေရတယ်။
တစ်ပတ်ကလည်း ကြာလိုက်တာ ခါတိုင်းပုံမှန် ၂၄နာရီက ဆေးရုံမှာ​နေရချိန်ဆို ရှစ်သောင်းခြောက်ထောင့်လေးရာ စက္ကန့်များလား​တောင်ထင်ရတယ်....။
အဲ့တော့ တစ်ပတ်ပြည့်ဖို့အတွက် ခြောက်သိန်းလေးထောင့်ရှစ်ရာ စက္ကန့်ကြီးများ​တောင် ထိုင်​စောင့်နေရတယ်။

ဟူး....လူနာဖြစ်ရတဲ့ဘဝက မလွယ်ပါဘူး။

အခန်းထဲမှာ မွန်းကျပ်လို့ drip ကလေး တန်းလန်းချိတ်ပြီး ဟိုဟိုဒီဒီလမ်း​လေး​လျှောက်ဖို့ အပြင်ထွက်လာခဲ့လိုက်တယ်။

"ဟား.....အား...."

အဝေးကြီးကတည်းကနေ အော်ကာပြေးလာတဲ့ ကလေးပေါက်စရဲ့ အသံကြောင့် ​ဘေးလွတ်ရာကို ​ရှောင်တိမ်း​နေလိုက်တယ်။
ကလေးဆိုတော့ မမြင်မကန်း သူ့ကို ဝင်တိုက်မိမှာစိုးရတယ်​လေ...။
သူ တမင်တကာ ဘေးကို ရှောင်တိမ်းလိုက်ကာမှ သကောင့်သားလေးက
သူ့ကို တည့်တည့်ဝင်တိုက်လိုက်တာ​ကြောင့် ယိုင်နဲ့သွားကာ တစ်ယောက်​ယောက်က သူ့ကို ဝင်ထိန်းပေးလိုက်မှန်း သူသိလိုက်တယ်။
အမလေး.... နာလိုက်တာ.... ။

"ဟိုကောင်လေး ဘယ်ပြေးမှာလဲ ဒီကို လာစမ်း
ဆေးရုံကြီးထဲကို လျှောက်မပြေးရဘူးလို့ မင်းမိဘတွေက မဆုံးမဘူးလားကွ..ဟမ်"

ထိုကလေးက သူ့ကို လျှာထုတ်ပြီး ပြောင်ပြကာ ထိုနေရာကနေ ပြေးထွက်သွားတယ်။

"ငါ့ကိုများ လျှာထုတ်ပြောင်နေသေးတယ် စွကလေး ဖအေပေး​လေး"

ထိုကလေးကို ဒေါသတကြီး အော်ဟစ်ကာ သူ့ကို ဝင်ထိန်းပေးတဲ့ သူကို ကျေးဇူးတင်ဖို့ သူရှိရာဖက် လှည့်လိုက်တယ်။
ထိုလူကို မြင်လိုက်တာနဲ့ ဘာကိုမှ မဆိုနိုင်​တော့ပဲ ချက်ချင်းပဲ ဆွံ့အနေသူတစ်​ယောက်ရဲ့အဖြစ်ကို ပြောင်းလဲသွားတယ်။

ဒီလူ....ဒီလူက သူအရမ်းချစ်ရတဲ့သူ....။
အရာရာကို မိုက်မိုက်ကန်းကန်းနဲ့ စွန့်လွှတ်ပြီး သိပ်ချစ်ခဲ့ရတဲ့ ဒီလူ...။
တစ်​လောကလုံးကို ခြေစုံကန်ပြီး သူ့တစ်ယောက်ထဲကိုပဲ ဘဝထင်ပြီး ချစ်ခဲ့ရတဲ့ ဒီလူ...။
သူမဟုတ်တဲ့ တစ်ခြားတစ်​ယောက်နဲ့ ယှဉ်လာတဲ့အခါ သူ့ကို မရွေးချယ်ခဲ့တဲ့ ဒီလူ....။

Smile AgainWhere stories live. Discover now