Part 4

999 72 5
                                    

Zawgyi Ver

အမှိုက်တောင်းလေးတစ်တောင်းကို နှစ်ယောက်သား မနိုင်မနင်းနဲ့ ကွတကွတ မပြီး လျှောက်လာကြနေတဲ့ ဝလုံးလေးနှစ်ကောင်...။
ဝန်းရံခ ကတော့ မနေ့ကကိစ္စကို အခုထိမကျေနပ်နိုင်သေးပဲ ဝလ္လာဦးကို တွတ်ထိုးလို့ကောင်းတုန်း။

"ချီးထဲမှပဲ အဲ့တာမင်းကြောင့် မင်း အာပြဲကြီးနဲ့ အော်လို့မို့ ဝန်းရံခတို့ ဒီကျောင်းမှာ Sသိက္ခာ တပြားမှမရှိတော့ဘူး"

"ဟျောင့် မင်း အိနြေ္ဒမရဖြစ်နေတာလည်း ထည့်ပြောလေကွာ .....
အနောက်ဖက်မှာ ဆရာမတွေစောင့်နေတာကို မင်းက စောက်တလွဲတွေလုပ်နေတော့ မြင်ရင် အဆူခံရမှာစိုးလို့ပြောပေးတာကို"

ဝန်းရံခက မျက်လုံးကိုပင့်ကာ မျက်ဖြူလှန်လိုက်ရင်း

"အဲ့တော့ တစ်ကျောင်းလုံးသိသွားတာပေါ့ ကောင်းပါတယ်......
လက်တို့ပြီးပြောလည်းရနေတာကို လိ့ ဝလ္လာဦး ငလူး "

ဝန်းရံခက သူတို့သယ်လာတဲ့ အမှိုက်တောင်းကို သူ့ဘက်ကနေလွှတ်ချပြီး ရှေ့ကနေထွက်သွားတယ်။

"ဟာ...ဟျောင့် ဘယ်သွားမှာလဲ ဒီမှာ သယ်ကူဦးလေ ငါတစ်ယောက်ထဲ မနိုင်ဘူးကွ"

"လိ့မှ မသယ်ဘူး မနေ့က ကိစ္စကြောင့် မင်းကို အပြစ်ပေးတာ"

"ဟျောင့် စွကျင့်မယုတ်နဲ့လေ
မနေ့ကတည်းက မင်းငါ့ကိုခုထိဆဲဆိုနေတာ မပြီးနိုင်သေးဘူးလားကွာ"

ဝလ္လာဦး ခမျာ အမှိုက်တောင်းကို မနိုင်မနင်းသယ်နေရရှာတယ်။

"ဟေ့...ဝန်းရံခ မင်း စွကျင့်မယုတ်နဲ့နော်
မင်း...အဲ့လို စွကျင့်ယုတ်လို့ မင်းရဲ့ crush က မင်းကို ပြန်မကြိုက်တာ"

"လိ့crush က လိ့ကို ပြန်မကြိုက်တာလား"

ဝန်းရံခ က အမှိုက်တောင်းကို သယ်မကူတဲ့အပြင် ဘေးနားက တွေ့ရာတွေနဲ့ ကောက်ပေါက်လို့ ရှောင်လိုက်ရသေးသည်။
ဝလ္လာဦး သဘောပေါက်လိုက်တာက ဝန်းရံခရဲ့ အနာတတ်ဆုံးစကားက crush က ပြန်မကြိုက်ဘူး ဆိုတဲ့ စကားပင်ဖြစ်သည်။

"ဝန်းရံခ ဆိုတဲ့အကောင်ကွာ ဘယ်ထွက်သွားမှန်းကို မသိဘူး"

ဝလ္လာဦးက အမှိုက်တောင်းလေး ဘေးချကာ ထွက်လာတဲ့ ချွေးလေးတွေကို သုတ်နေမိသည်။ သူတို့ကျောင်းက နယ်မြို့က ကျောင်းလေးမို့  ကျောင်းဝင်းက အကျယ်ကြီးပင် ဖြစ်ကာ ကျောင်းဆောင်တွေရဲ့ ဟိုးအနောက်ဘက်ထိ အမှိုက်တွေကို သွားပစ်ရသည်။

Smile AgainWhere stories live. Discover now