Part 1

5.2K 164 3
                                    

Zawgyi Ver

ပုဂ္ဂလိက​ဆေးရုံဝင်းကြီးအတွင်းသို့ အ​ရေး​ပေါ်လူနာတင်ယာဉ်တစ်စီးက တဝှီဝှီမြည်သံပေးရင်းနဲ့ ဝင်လာတယ်။
လူနာတင်ယာဉ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးရုံဝန်ထမ်းတွေနဲ့ နပ်စ်တို့က ပြေးပြေးလွှားလွှား​ရောက်ရှိလာကြပြီး လူနာကို အရေးပေါ်ခွဲခန်းသို့ ပို့ဆောင်လိုက်ကြသည်။

ခွဲခန်းဝတ်စုံကို အပြည့်ဝတ်ဆင်ထားတဲ့ ဆရာဝန်တစ်ဦး...သူကတော့ အများတကာနဲ့ ယှဉ်လိုက်ရင်​တောင် ရှည်ထွက်နေတဲ့အရပ်ကြီး​ကြောင့် ထင်ပေါ်လွန်းနေတယ်။ ထိုအရပ်ရှည်ရှည် ဆရာဝန်နဲ့ လက်ထောက်ဆရာဝန်တစ်ချို့က မကြာခင်မှာပဲ ရောက်ရှိလာကြတယ်။

"အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ ဆရာ အားလုံးအသင့်ဖြစ်ပါပြီ"

ဆရာဝန်တွေ ဝင်သွားပြီးတဲ့​နောက် မကြာခင်မှာပဲ အသက်ခပ်ကြီးကြီး ဆရာဝန်ကြီးတစ်ဦးက ခွဲခန်းဝတ်စုံ ဝတ်လက်စ တပိုင်းတစနဲ့ ​ခွဲခန်းရဲ့အ​ရှေ့ကို ပြေး​ပြေးလွှားလွှား​ရောက်ရှိလာတယ်။
ထိုလူက​တော့ ဒီဆေးရုံကြီးရဲ့ ဆေးရုံအုပ်ပင်ဖြစ်သည်။
ခွဲခန်းအပေါက်ကနေ စောင့်နေတဲ့ နပ်စ်ကို ဆေးရုံအုပ်က ပျာပျာသလဲ​မေးလိုက်တယ်။

"ဆာဂျင်တွေ ဝင်သွားကြပြီလား"

"ဟုတ်ကဲ့ ဆရာ"

"ဘယ်သူ ဦးဆောင်တာလဲ"

"ဒေါက်တာထက်ရှိန် ပါဆရာ"

ဆေးရုံအုပ်ကြီး ဝင်သွား​တော့ ခွဲစိတ်မှုပြုလုပ်ဖို့ စတင်နေကြပြီ ဖြစ်ပြီး ဆေးရုံအုပ်ကြီးဝင်လာတာ​ကြောင့် အားလုံးက ပျာပျာသလဲဖြစ်ကုန်ကြတယ်။
ပုံမှန်ဆိုရင် ​ဆေးရုံအုပ်ကြီးက ရိုးရိုးလူနာ​တွေကို လာ​ရောက်ကြည့်ရှုတာ ခွဲစိတ်မှုပြုလုပ်တာက ရှားပါးသည်။
ဒါ့​ကြောင့် ဒီလူနာက သာမန်ရိုးရိုးအတန်းအစားထဲက လူနာ မဟုတ်မှန်းတန်းသိနိုင်ပြီး ချက်ချင်းပဲ ရိပ်စားမိလေသည်။

"လူနာက ဘာဖြစ်တာလဲ "

"အစာအိမ် သွေးကြောပေါက်တာ ဖြစ်ဖို့များတယ် ဆရာ"

သူဝင်လာတာကို အားလုံးကမောက်ကမ ဖြစ်သွားတဲ့အခြေအနေကြောင့် ဆေးရုံအုပ်ကြီးက

Smile AgainWhere stories live. Discover now