Part 19

751 42 3
                                    

Zawgyi Ver

"အဲ့တော့ ဒီကောင်လေးက မင်း ခိုးယူထားတဲ့ကောင်လေးပေါ့"

"ဟုတ်ကဲ့"

ထက်ရှိန် သူ့အမေ ရှေ့မှောက်မျက်နှာပင် မဖော်ရဲလောက်အောင် ကြောက်စိတ်နဲ့ ခေါင်းကိုငုံ့ထားမိသည်။

ဒေါ်ထွေးခင်ကတော့ မျက်စိရှေ့မှောက်မှာ ရှိနေတဲ့ တစ်ဦးတည်းသော သားဖြစ်သူရဲ့ယောကျာ်းလို့ပဲပြောရမလား မိန်းမလို့ပဲခေါ်ရမလား ဝန်းရံခဆိုတဲ့ ထိုကောင်လေး တစ်ဖြစ်လဲ သူမ၏သားရဲ့အနာဂတ်အညွန့်အတတ်တွေကို ချိုးသောသူလို့ပဲ ဆိုပါရစေ။
ဒီဖြူဖြူဖွေးဖွေးသေးသေးလေးက ဘာမှလည်း အားကိုးလို့ရမည့်ပုံမပေါ်။
အမှန်အတိုင်းပြောရရင် ဒေါ်ထွေးခင်အနေနဲ့ အရမ်းကို စိတ်တိုဒေါသဖြစ်မိရသည်။
တစ်ဦးတည်းသော သားဖြစ်သူကို ယုံကြည်အားထားမျှော်လင့်ခဲ့သည်မှာ အမှန်။ ထက်ရှိန်၏ဖခင်ဖြစ်သူ ဆုံးပါးသွားချိန်ကတည်းက အမေတစ်ခုသားတစ်ခုဘဝနှင့်နေလာခဲ့ပြီး
အဆင်မပြေသည့်ကြားက ပင်ပင်ပန်းပန်းခက်ခက်ခဲခဲကျောင်းထားခဲ့ရသည်။
ထက်ရှိန် ဘွဲ့ရပြီး ဆရာဝန်ဖြစ်သွားရင် အရာရာအဆင်ပြေကောင်းပါရဲ့ဆိုတဲ့ မျှော်လင့်ချက်ကလေးဟာ ဒေါ်ထွေးခင်၏အိပ်မက်ပင်။

ဘဝတစ်လျှောက်လုံး တည်ဆောက်ခဲ့တဲ့ အရမ်းကို သိတတ်လိမ္မာပါသည်ဆိုသည့် ဂုဏ်ပုဒ်ကို တစ်သက်လုံးမွေးတဲ့ကြက် တစ်မနက်တည်းနှင့်ချက်စားဆိုသလိုပဲ မိဘမျက်နှာကိုတောင် မငဲ့ကွက်ပဲ ယောကျာ်းလေးတစ်ယောက်အတွက်နဲ့ နေ့ချင်းညချင်း ရိုက်ချိုးပစ်ခဲ့သည့် သူမ၏သားကိုလည်း မနောဒေါသဖြစ်ရသည်။
ပို၍ဆိုးသည်မှာ သူမ၏သားကြီးဩရသက ခိုးပြေးလာတာတောင် မိန်းမမဟုတ်ပဲ ယောကျာ်းအချင်းချင်းတဲ့။
ရွာထဲကို လှည့်ပတ်ပြီးတော့သာ ခုနှစ်မောင်းတင်ပြီး အဖြစ်ဆိုးလှသည့် သူမ၏ဘဝကို စိတ်ရှိလက်ရှိ အသံကုန်အော်ဟစ်ပစ်ချင်သည်။
မိဘကကောင်းတဲ့ လမ်းကိုပို့ ကိုယ့်ဘဝကိုယ် ဒုက္ခရောက်အောင် မီးတွင်းထဲခုန်ဆင်းချင်ကြတာ ကလေးတွေများ မသိတတ်ချက်။
အစကတော့ ဒီသတင်းကြားကြားချင်း မယုံနိုင်သလို လက်လဲမခံနိုင်ခဲ့ပါ။ နွဲ့နွဲ့နှောင်းနှောင်းမဟုတ်ပေမယ့် ဖြူတိဖြူဖတ်အသားရည်နဲ့ ထိုကောင်လေး၏ မိဘတွေက အိမ်တိုင်ယာရောက် လာပြောသည့်အခါမှသာ လုပ်ရပ်လိုက်လေခြင်း အဖြစ်နဲ့ပဲ အံ့ဩမကုန်နိုင်ဖွယ် ပင့်သက်ချရသည်။
စိတ်ဆိုးလွန်းလို့ ဘာတွေဖြစ်ကြဖြစ်ကြ သူတို့ဘဝနဲ့သူတို့ဆိုပြီး လွှတ်ထားခဲ့တာ။
လေးငါးလအတွင်း သူမ၏ အဖိုးတန်သားတော်မောင်က ဒီ မိန်းမမဟုတ်တဲ့ ယောကျာ်းတစ်ယောက်အတွက် ယောကျာ်းအချင်းချင်း ကျွန်ခံပြီး လုပ်ကျွေးနေရတယ်ဆိုတဲ့ သတင်းကြောင့် ဘဝရှေ့ရေးမျှော်တွေးပြီး ပျက်စီးရာပျက်စီးကြောင်း ဖြစ်တော့မည့် သားတော်မောင်၏ဘဝကို မကြည့်ရက်ခဲ့ပါ။
ငယ်ရွယ်စဉ် စိတ်ကစားမှုတစ်ခုကြောင့် ဘဝတစ်ခုလုံး ပျက်ရတော့မည့် အဖြစ်မျိုးကို သူမ၏သားကို အဖြစ်မခံနိုင်ပါ။
ဟိုကောင်လေးရဲ့ မိဘတွေက ဒီနယ်တစ်ဝိုက်အလုပ်အကိုင်အတည်တကျနဲ့ ချမ်းသာသည့် မျိုးရိုးတွေဖြစ်တာကြောင့် စိတ်အခန့်မသင့်လို့ ကွဲကြကွာကျ စိတ်ကုန်သွားကြတဲ့အချိန်မှာတောင် သူမရဲ့သားကပင် ဘဝပျက်သွားလိမ့်မည်။
ဟိုကောင်လေးကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။
လူရှေ့သူရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင်အသွင်နဲ့ ထိုကောင်လေးက ကွယ်ရာမှာ သူ့သားကို ဘယ်လောက်များပတ်ချွဲနှပ်ချွဲလုပ်ပြီး ညုပြနေလို့ အနေအေးလှတဲ့သူ့သားက တမ်းတမ်းစွဲဖြစ်နေရသလဲ မသိ။ ကြိုးစားအားထုတ်မှုမရှိဘဲ အရာရာကိုလွယ်လွယ်ရပြီး လုပ်ချင်ရာလုပ်တတ်ကြတဲ့  ရေပေါ်ဆီလူတန်စားမျိုးထဲက တစ်ယောက်သာဖြစ်သည်။
အနာဂတ်မရှိ ပန်းတိုင်မရှိ အိပ်မက်မရှိနဲ့ အလကား ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ ဘဝပေးကုသိုလ်ကံကောင်းလို့ ချမ်းသာတဲ့ မိဘကမွေးလာလို့ လူမွေးလူရောင် ပြောင်နေတာ။
မွေးရကျိုးနပ်လိုက်သည့် သားတော်မောင်က သူ့လင်မပါရင် အိမ်ပြန်မလာဘူးဆိုလို့ နှစ်ယောက်လုံးပြန်လာခဲ့ဖို့မှာလိုက်ရသည်။

Smile AgainWhere stories live. Discover now