Part 20

858 45 7
                                    

Zawgyi Ver

မတူညီတဲ့ ဘဝနှစ်ခုက မတူညီတဲ့လူသားနှစ်ယောက် ပေါင်းစည်းကြဖို့ဆိုတာ အချစ်တစ်ခုတည်းနဲ့ တကယ်တော့ မပြည့်စုံနိုင်ဘူးဆိုတာ
လက်တွေ့မှာ သိလာခဲ့ရတယ်။
ချစ်ရတာက လွယ်ကူပါတယ်။
အများကြီးလည်း ချစ်နိုင်တယ်။
တစ်ယောက်ယောက်ကို တကယ်ချစ်တော့မယ် သူ့နဲ့ပဲ အတူနေဖို့အထိ ရည်ရွယ်ထားတယ်ဆိုရင် သူ့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းကိုပါ ချစ်တတ်ဖို့ လိုတယ်။
လူနှစ်ယောက်ပေါင်းစည်းချင်းဟာ ထိုလူနှစ်ယောက်ရဲ့ ဆက်နွယ်နေသော ဆွေမျိုးမိတ်သင်္ဂဟတွေပါ ပေါင်းစည်းခြင်းဖြစ်တယ်။
တချို့ကတော့ ပြောကြပါတယ်
သူနဲ့ပေါင်းတာ သူ့မိဘတွေနဲ့ပေါင်းတာမှမဟုတ်ဘဲ ဘာအရေးလဲဆိုတာမျိုး။
တကယ်တော့ အဲ့တာက ထင်သလောက်မရိုးရှင်းပါဘူး။
အထူးသဖြင့် ထက်ရှိန်လိုမျိုး အမေတစ်ခုသားတစ်ခုအဖြစ် ရပ်တည်နေကြတဲ့ မိသားစုက သားတစ်ယောက်လိုမျိုးဆိုရင် ပိုတောင်ဆိုးသေး။
သူ့မှာ တာဝန်ယူစရာတွေက အများသားနဲ့လေ။

သူ့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကျွန်တော် အရာအားလုံးကို သည်းခံခဲ့တယ်။
တစ်ဦးတည်းသောသားဖြစ်သူက လောကရဲ့နိယာမကို ဆန့်ကျင်ပြီး
ပုံမှန်မဟုတ်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ဖို့အတွက် ဘယ်မိဘ ဘယ်အသိုင်းအဝိုင်းကမှ အတော်အတန် လက်သင့်မခံနိုင်ကြဘူးဆိုတာ နားလည်ပါတယ်။
ထို့အတူပဲ သူ့သားရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့ ကျွန်တော့်ကို မကြည်ဖြူဘူးဆိုတာ ပုံမှန်ပါပဲလေ။
ပြီးတော့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရချင်ခဲ့ဘူး။
သူ့ရဲ့လက်ကို ရဲရဲဆုပ်ကိုင်ကာ ကျွန်တော့်ရဲ့ရွေးချယ်မှု မှန်ကန်ကြောင်းပြချင်ခဲ့တယ်။
နေရတာ အဆင်မပြေလို့ နောက်ဆုံးတော့ လက်လျှော့လိုက်ပြီး မိဘတွေဆီကိုပဲ ပြန်ပြေးကပ်တဲ့ ခပ်ညံ့ညံ့လူမျိုးအဖြစ်ကိုလည်း မခံယူချင်ဘူး။

ဒီအိမ်ကို ပထမဆုံးစရောက်တဲ့နေ့က ဉာဏ်နဲ့ သူ့အမေ တစ်ဖြစ်လဲ ကျွန်တော့်ယောက္ခမတို့ စကားပြောနေသံတွေကို ကျွန်တော် သေချာကြားလိုက်ရပါသည်။
အဲ့ဒီနောက် သူတို့သားအမိ တီးတိုးတီးတိုး စကားများလေ့ရှိသလို ကျွန်တော်နဲ့ပက်သက်တဲ့ မကျေနပ်ချက် သဘောမကျမှုတွေကို မကြာခဏဆိုသလို ကျွန်တော့်ယောက္ခမက သူ့သားကို ပြောလေ့ရှိတယ်။
ဉာဏ်က တကယ်တော့ သူ့မေမေကို မလွန်ဆန်ရဲဘူး။
တနည်းအားဖြင့်တော့ မလွန်ဆန်ရဲဘူးဆိုတာထက် သူ့အမေကို ပြန်ခံပြောတာတို့ စကားများတာတို့အစား ပြောစကားကိုနားထောင်ပြီး သူလိုချင်တာအတွက် နားဝင်အောင်ပဲ ပြောပြလေ့ရှိတယ်။

Smile AgainWhere stories live. Discover now