Zawgyi Ver
လက်ရှိအချိန်ကာလ ••••••
မနက်ခင်းတွေတိုင်းဟာ ထက်ရှိန်အတွက်တော့ Alarm မလိုဘဲ သံပတ်ပေးထားတဲ့ စက်ရုပ်လိုပဲ အချိန်မှန်စွာနိုးထလို့လာခဲ့သည်။
ခြောက်နှစ်တာကာလအတွင်းမှာ ဆွတ်ပျံ့ဖွယ်မနက်ခင်းရဲ့ အရသာကို ပထမဦးဆုံးသိရှိခံစားမိခြင်း။ဝေလီဝေလင်းအချိန်အခါရဲ့ မှုန်ပျပျပတ်ဝန်းကျင်ကို ရှုစားဖို့ ပြတင်းတံခါးကို ထဖွင့်လိုက်ရင်း ကိုယ်လက်တွေကို အကြောဆန့်နေမိသည်။
လမ်းကြားထဲက ခွေးဟောင်သံတစ်ချို့နှင့် ပဲပြုတ်သည်၏အော်သံကိုတော့ ကြားနေရပြီ။
မနက်ခင်းရဲ့ ဒီလိုအချိန်မှာ အခြေခံလူတန်းစားတစ်ချို့နဲ့ အကြောင်းကိစ္စတစ်ခုခုကြောင့် အစောကြီး ထရမည့်လူတွေကလွဲရင် မြို့နေလူတန်းစားတို့က အိပ်ရာထဲ ဇိမ်နဲ့နှပ်နေကြတုန်းပင် ရှိသေးသည်။
ရွာမှာဆိုရင်တော့ တစ်ချို့တစ်လေက ယာထဲကိုင်းထဲ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းဖို့ သွားကြလေပြီ။
အလုပ်မရှိသည့်သူများကတောင် ခြံဝင်းထဲတံမျက်စည်းလှဲ ဆွမ်းအမှီချက်ပြုတ် လုပ်နေကြပြီး မနက်ဆိုအစောကြီးထ ညဆိုအစောကြီးအိပ်ရာဝင်ကြသည်။နယူးဇီလန်ကနေ ပြန်လာသည်မှာ မကြာသေးတာကြောင့် ရန်ကုန်မှာ အခြေတကျမဖြစ်သေးတဲ့ ထက်ရှိန်က ဆေးရုံတစ်ခုထဲမှာပဲ အလုပ်လုပ်တာမို့ အရမ်းကြီး အလုပ်ရှုပ်မနေသေး။
မနက်ခင်းလမ်းလျှောက် မထွက်သေးခင် ဝန်းရဲ့ အခန်းရှေ့အရောက်မှာ အခန်းတံခါးကို အသာလေးလှပ်ပြီး ဝင်လာခဲ့သည်။ဝန်းရံခက အခန်းတံခါးကို ပိတ် လောခ့်ချပြီး အိပ်သည်ရယ်လို့မရှိ။
ကုတင်အနီးနားသို့ ဖြေးဖြေးချင်းလေးတိုးကပ်လို့လာရင်း ဘေးတဖက်ကို စောင်းစောင်းလေးအိပ်ပျော်နေတဲ့ ဝန်းရဲ့မျက်နှာကို မြင်ရသည်အထိ တိုးကပ်စွာ ငေးစိုက်ကြည့်နေမိသည်။
မနက်ခင်း နိုးထချိန်တွေတိုင်းမှာ မျက်လုံးအစုံကို ဖွင့်လိုက်တာနဲ့ မြင်ချင်မိခဲ့တဲ့ အပြစ်ကင်းစွာသော ဒီမျက်နှာလေး....။
အနည်းငယ်လွတ်နေတဲ့ စောင်ကို အသာအယာလေးဆွဲခြုံပေးကာ မျက်နှာလေးကို အနီးကပ်ကြည့်မိသည်။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...