Part 25

824 45 4
                                    

Zawgyi Ver

တည်တင်းပြီး အေးစက်လွန်းနေသည့် ထက်ရှိန်ရဲ့မျက်နှာထားကို ကြည့်ပြီး ဝန်းရံခ ကျောချမ်းနေမိသည်။
တစ်ခုခုကို သဘောမကျနေမှန်း သိပေမယ့် ဘာလို့ အဲ့လိုမျက်နှာထားဖြစ်နေတာလဲ။
သူတောင်ဘာမှ မလုပ်ရသေးဘဲ ဘာကို အလိုမကျဖြစ်နေတာလဲ။

ကန်သင်းရိုးကနေ ဖုတ်ဖတ်ခါထတော့ မြက်အမှုန်အမွှားလေးတွေတောင် ပုဆိုးမှာ ကပ်ပါလို့လာသည်။

"ငါ သွားတော့မယ်"

"ဘယ်ဆီသွားဦးမှာလဲ"

"ညောင်ပင်အောက်ကို သွားမှာလေ"

"မသွားနဲ့ အဲ့နားမှာပဲ ထိုင်နေ"

နိုင်ထက်စီးနင်းဆန်သော ခပ်တင်းတင်းလေသံအဆုံး ကြွလုလုဖြစ်နေတဲ့ ဝန်းရံခရဲ့ တင်ပါးဟာ ကန်သင်းရိုးနဲ့တသားတည်း ကျသွားနေပြီဖြစ်သည်။
အိမ်မှာဆို အလိုမကျတိုင်း ဂျစ်ကန်ကန်လုပ်လေ့ရှိတဲ့ သူဟာ ထက်ရှိန်ရဲ့အမိန့်ဆန်ဆန် စကားတစ်ခွန်းကိုတော့ ကြောက်ပါသည်။

ဝန်းရံခက နဖူးကို ခပ်စူးစူးလာထိနေတဲ့ နေရောင်ကို လက်နဲ့ကာရင်း နှုတ်ခမ်းလေးရှုံ့တွကာ ရွတ်တွတွဆိုသည်။

"နေပူတယ်ဟ"

"ပူရင် ခမောက်ဆောင်း"

ထက်ရှိန်က ထွန်ကို တစ်ပတ်ပြည့်အောင်ကွေ့ပြီး ဝန်းရံခ ထိုင်နေတဲ့ ကန်းသင်းရိုးအနီးအထိ နွားမောင်းရင်းတန်းလန်းနဲ့ပဲ သူ့ရဲ့ခေါင်းပေါ်က ခမောက်ကို ချွတ်ကာ ဆောင်းပေးထားခဲ့သည်။
ထက်ရှိန် နေပူထဲမှာ လယ်ထွန်နေသလို ဝန်းရံခလည်းပဲ ကန်သင်းရိုးမှာ ငုတ်တုတ်ထိုင်နေရသည်။

"ဝန်းရံခရေ!!"

ကိုသက်လွင်ရဲ့ အော်ခေါ်သံ ကြားရပြီမို့ ဝန်းရံခ အပြုံးလက်လက်ထကာ အရောင်တောက်တောက် မျက်လုံးလေးတွေနဲ့ ညောင်ပင်အောက်သို့ ပြေးသွားပြန်သည်။
တစ်ယောက်သောသူရဲ့ အရိုးအပြိုင်းပြိုင်းထမလောက် အကြည့်တွေကိုတော့ သတိထားမိပုံမပေါ်။

"ဝန်းရံခ...တော်တော်အခြေပျက်နေတယ်ပေါ့...ဟမ်"

ကြိတ်မနိုင်ခဲမရ အံတကြိတ်ကြိတ်နဲ့ ဘာမဆိုင်ညာမဆိုင် နွားတွေကိုသာလွှတ်ရိုက်နေမိသည်။

Smile AgainWhere stories live. Discover now