Part 35

984 45 6
                                    

Zawgyi Ver

အိပ်ရာပေါ်မှေးစက်နေသည့် ဝန်းရဲ့နဘေး ဖြည်းဖြည်းချင်းတိုးကပ်လိုက်သည်။
ကျောပေးထားသည်မို့ ဆံပင်စကလေးများကို မြတ်မြတ်နိုးနိုးသပ်တင်ပေးမိသည်။

"ထိကနန်း တို့ကနန်းတွေ မလုပ်စမ်းနဲ့ အိပ်ရေးပျက်တယ်"

မျက်လုံးမဖွင့်ဘဲ ပြောလာသည့်စကား။

ထက်ရှိန် လက်ကိုရုတ်ပြီး အိပ်ဖို့အလုပ်မှာ ဝန်းရဲ့လည်တိုင်က အညိုရောင် ခပ်ကြီးကြီးအကွက်တစ်ခုကို ဖြတ်ကနဲ မြင်လိုက်ရသည်။
လက်နဲ့အသာအယာတို့ထိရင်း သေချာအောင်ကြည့်မိသည်။

"ဝန်း...လည်ပင်းက ဘာဖြစ်ထားတာလဲ"

အဖြေလည်းပြန်မရသလို တုံ့ပြန်ခြင်းမရှိ။

တစ်ညလုံး သက်ပျင်းတချချဖြင့် အိပ်မပျော်နိုင်သည့် ထက်ရှိန်။ အလုပ်ခွင်အထိပါ အနှောင့်အယှက်ဖြစ်နေသည့် သူ့ရဲ့စိတ်။

သေချာပေါက် ကိုက်ရာကြီးပါ။
ဒါပေမယ့် သူကိုက်ထားတာတော့မဟုတ်။
ထိုအတွေးပေါ်လာတိုင်း သူ့ခေါင်းကို ထပ်ခါထပ်ခါရမ်းနေမိသည်။

"မင်း ဘာဖြစ်နေတာလဲ
မှိုင်တိုင်တိုင် အိပ်ရေးပျက်လာတဲ့ရုပ်နဲ့
ညက အသေကဲထားတာလား"

မျက်နှာသေနဲ့ဖြစ်နေသည့် ထက်ရှိန်ကြောင့် ဟိန်းသက်ဇော် ပိုပြီးစချင်လာသည်။

"ဘာလဲ ညစာဝမလာပြန်ဘူးလား
ဝန်းရံခက မင်းကို စိတ်ကျေနပ်အောင် မပေးလိုက်ဘူးလား
မကျေနပ်ရင် ညနေသွားကဲလို့ရတယ်နော်
မင်းတို့ကောင်တွေရော အဖော်ညှိထားတယ်"

"မင်းတို့က အားတိုင်းသွားနေတဲ့ကောင်တွေပါကွာ
ဟိုတစ်ယောက်ကဆို ဖုန်းဆက်လိုက်တိုင်း ခြင်ထောင်သံကြီးနဲ့"

အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် စကားနာထိုး အောက်ဖဲလှန်နေကြသည့် သူတို့အဖွဲ့ထဲက တစ်ယောက်က ထက်ရှိန်ရဲ့အနီးနားကပ်ကာ တိုးညင်းသောလေသံနဲ့

"ပြောကြည့်စမ်း
အခုထိ ဘယ်အရာက မင်းကို စိတ်ကျေနပ်စေမှန်း ကွဲကွဲပြားပြားမသိသေးတာလားငါတို့ကူညီပေးရဦးမလား"

Smile AgainWhere stories live. Discover now