Part 26

796 43 12
                                    

Zawgyi Ver

ဝမ်းနည်းမှုကြောင့်ကျတဲ့မျက်ရည်ဟာ ငိုသံတွေ ဆိတ်သုဉ်းတယ်။ကျဆင်းနေတဲ့မျက်ရည်စတို့အား သုတ်မိဖို့ မကြိုးစားမိပါ။
ရွံ့နွံတွေနဲ့ အတူရောသွားရင် မသိသာတော့ဘူးမလား။
သူကတော့ ကျွန်တော်နဲ့မလှမ်းမကမ်း ကနေ ပျိုးနှုတ်ရင်း တစ်ချက်တစ်ချက်လှမ်းကြည့်နေတာကို သိပေမယ့် သူ့ဘက်ကနေ နှစ်သိမ့်ဖို့မကြိုးစားသလို တောင်းပန်ဖို့ကတော့ အူလို့ပင်မကြား။
အရင်လို ကျွန်တော့်ကို နည်းနည်းလေးမှ ညှာတာခြင်းမရှိ။
နာကျင်မှုက နေရာအနှံ့မှာမို့ ပျော့ခွေချင်နေတဲ့ ဒူးနှစ်ဖက်ဟာ ယိုင်နဲ့နဲ့။
အနားယူဖို့ရာ ဆီဆီငေါ်ငေါ် တောင်လိုပုံနေသော အလုပ်တို့က သူ့အားမျှော်တလင့်လင့်။
အလုပ်မပြီးရင်လည်း အပြောအဆိုက ခံရဦးမည်။
အစားအသောက်ကလည်း အာဟာရမစုံသည့်အပြင် အလုပ်ကြမ်းတွေပါ လုပ်ရသည်မို့ အရင်လိုဖွံ့ဖြိုးကျန်းမာသည့် ခန္ဓာကိုယ်မရှိ။
ပိန်းချုံးချည့်နဲ့ကာ နေလောင်ထားသည့် ခပ်ပြာပြာအသားအရောင်နှင့်မို့ ကျန်းမာရေးမကောင်းသူဆိုတာ ဆရာဝန်မပြောနှင့် သာမန်လူပင် မြင်တာနှင့်သိနိုင်သည်။
ပိုးထိပြီးသည့်နောက်ပိုင်း ကျွန်တော် ကျန်းမာရေးသိပ်မကောင်းဘဲ ခဏခဏနေမကောင်းဖြစ်နေတတ်သည်။
သို့ပေသိ အလုပ်နှင့်လက်နှင့်မပြတ် ဇယ်ဆတ်သလို ဘယ်တော့မှ အငြိမ်းစားမရပါ။
ဒါကို သိသိလျက်နဲ့ ကျွန်တော့်ဆန္ဒကို အလေးမထားဘဲ ကျွန်တော့်အပေါ်မှာ လုပ်ရက်လွန်းသည်။
တစ်ခါတစ်လေမှာ မျှော်လင့်ချက်တွေ သိပ်မဲ့သည်။
အထူးသဖြင့် ကျွန်တော်မှီခိုအားထားနေရတဲ့ သူကိုယ်တိုင်က ကျွန်တော့်အပေါ်မှာ အခုလိုမျိုး မညှာမတာနဲ့ ကြင်နာမှုတွေ ကင်းမဲ့နေချိန်မျိုးမှာဆို အရာအားလုံးကို လွှတ်ချပစ်ချင်သည်အထိ ဖြစ်မိသည်။
ကျွန်တော်ဟာ ခန္ဓာနှင့်လူမို့ အရမ်းပင်ပန်းတဲ့အချိန်တွေလည်းရှိသလို စိတ်ပျက်မိတဲ့အခါလည်းရှိခဲ့သည်။
အခုထိတော့ စိတ်မကုန်သေးပါ။
အဆင်ပြေသွားမယ့် တစ်နေ့ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ သည်းခံနိုင်နေသေးပါသည်။
အဆင်ပြေလာမယ့်တစ်နေ့ကိုမျှော်လင့်ရင်း တဖြည်းဖြည်းချည့်နဲ့လာရသည်။
.
.
.
ပင်ပန်းလွန်းတဲ့ ဒဏ်ကြောင့်နာကျင်ကိုက်ခဲသည့် ဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရသည်။ မျက်လုံးအစုံကို မှိတ်ထားပါလျက် အိပ်ပျော်နိုင်ခြင်းမရှိဘဲ အိပ်ယာထဲမှာ ဟိုဘက်ဒီဘက်လှည့်ဖို့တောင် အင်အားမရှိ။
တစ်ဖက်ခြမ်းမှာ အိပ်ယာဝင်နေမည့်သူထံမှ အရင်အချိန်တွေတုန်းကလို ဂရုတစိုက် နဖူးပေါ်လက်တင် စမ်းကြည့်လာမည့် အချိန်ကိုမျှော်လင့်မိနေသေးပေးမယ့် နေမကောင်းဖြစ်နေတဲ့ ဝန်းရံခရဲ့ပုံစံကို သတိထားမိမယ့်ပုံမပေါ်ပါ။
လှုပ်လှုပ်ရှားရှားအသံနဲ့အတူ တဖြည်းဖြည်းနဲ့ အနားနား တိုးကပ်လာသည့် ထက်ရှိန်ကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ရသည်။
သူ့ရဲ့အမှားအတွက် တောင်းပန်ကာ ချော့တော့မည်မဟုတ်လား။
ထိုအခါကျရင် နေမကောင်းဖြစ်နေတဲ့အကြောင်းလေးပြောကာ အနည်းငယ်ချွဲပြီး ဂရုစိုက်မှုလေးရချင်သေးသည်။
ဒါက ဝန်းရံခရဲ့ မျှော်လင့်ချက်သက်သက်ပါပဲ။

Smile AgainWhere stories live. Discover now