"အိပ်နေတာလား... ညနေဘက်ကြီးကို..."

"အရင်ရက်တွေက အလုပ်များထားတော့ ပင်ပန်းနေလို့..."

"ဟုတ်လား... ခိုင်က နွယ့်ဆီလာနေတာ။ အခု ချင်းချောင်းရောက်နေပြီ။ အောက်ထပ်ဆင်းစောင့်နေနော်။"

"အင်း ... အင်း ... ဆင်းခဲ့မယ်။"

ဟန်သစ်က ဖုန်းချပြီးနောက် အကြောဆန့်လိုက်ကာ အိပ်ရာထက်မှ ထလာလေသည်။

တိုက်အောက်သို့ ရောက်သော် Building A ဘက် ထွက်လာလေရာ ငွေနှင်းနှင့် တွေ့လေသည်။

ဟန်သစ်က ပြုံးလိုက်ကာ

" အထူးအဆန်းပါလား။ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ရောက်လာတာလဲ..."

"Date လုပ် မလို့လေ..."

ပြုံး၍ ပြောလာသော ငွေနှင်း၏စကားကြောင့် ဟန်သစ် အံ့အားသင့်သွားလေသည်။ ငွေနှင်းက ဟန်သစ်၏ လက်ကို ချိတ်လိုက်ကာ

"အပြင်သွားရအောင်"

" အဲ... ကြိုမပြောတော့ အိမ်ကို ဒီအတိုင်းလာတယ် ထင်ပြီး ပိုက်ဆံအိတ်နဲ့ ကားသော့ ယူမလာမိဘူး။ အဝတ်အစားလည်း လဲရဦးမယ်။"

ငွေနှင်းက ဟန်သစ်၏ လက်ကို ပို၍တင်းတင်း ချိတ်လိုက်ကာ

"ခိုင် တစ်ယောက်လုံး ပါနေတာပဲ၊ ပိုက်ဆံအိတ် လိုသေးလို့လား။ ဒီနေ့တော့ ခိုင် ဝယ်ကျွေးပါမယ်။ ပြီးတော့ Bus ကား ပဲ စီးသွားရအောင်။ အဝတ်အစားကလည်း ဘောင်းဘီတိုတာက လွဲရင် အဆင်ပြေတာပဲကို။"

ဟန်သစ်က ငွေနှင်းအား ကြည့်၍ ပြုံးလိုက်ကာ

"One quarter နဲ့ ဒီအတိုင်း အပြင်သွားလို့ ကောင်လေးတွေ ဝိုင်းကြည့်လည်း ဖြစ်လား။"

"ကြည့်ရုံပဲဟာ အသားပဲ့ပါသွားတာမှ မဟုတ်တာ။ ကိုယ်သဘောကျသလို ဝတ်တာက Human Right ပဲလေ။"

ဟန်သစ်က လက်ထဲရှိ ဖုန်းနှင့်အိမ်သော့ကို ငွေနှင်းအား ပေးလိုက်ကာ

"ထည့်စရာမပါဘူး။ ယူထားပေး။"

ငွေနှင်းက ချိတ်ထားသည့် လက်ကို ဖြုတ်လိုက်ကာ ဟန်သစ်ဆီမှ ဖုန်းနှင့်သော့အား ယူ၍ အိတ်ထဲ ထည့်လိုက်လေ၏။

By Loving (own creation)Where stories live. Discover now