"ကိုယ် သိထားရသလောက် မေ့ညီမလေး အခု UK မှာ အရိုး၊အကြောပါရဂူတောင် ဖြစ်နေပြီ။ သူ အဆင်ပြေနေပါတယ်။ ပြန်မလာချင်သေးလို့ နေမှာပါ။"
"အဲ့လိုပဲ ဖြစ်မှာပါ... ဒါနဲ့လေ ဟိုကောင်မလေးက တကယ် လှတာနော်... အခု ငယ်ငယ်ကထက် ပိုလှလာတယ်။ မငွေနှင်းနဲ့ လက်ချင်းတွဲပြီး ရယ်ရယ်မောမောနဲ့... သူတို့ကို ကြည့်ရတာ တကယ် ပျော်စရာကြီး၊ သူတို့ကတော့ မေ့ကို မတွေ့ပါဘူး။ မေက လှမ်းတွေ့လိုက်တာ။ အားကျတယ် တကယ်။"
"ဟင်... သူတို့ကို အားကျလို့ မဖြစ်ဘူးလေ..."
"ဘာလို့လဲ..."
ရုတ်တရက် ပြောမိသွားသော မိမိစကားကို ပြန်တွေးမိကာ ဝေယံ ခေါင်းခဲသွားလေ၏။
"မေ့မှာက အဲ့လို တအားခင်တဲ့ သူငယ်ချင်းမျိုး မရှိပေမယ့် အနည်းဆုံးတော့ ကိုယ် ရှိသေးတယ်လေ။ မေက သူတို့ကို အားကျတော့ ကိုယ်က အမေ့ခံလိုက်ရသလိုပဲ..."
"မဟုတ်တာ... ကို သိတဲ့အတိုင်း မေက မေ့ညီမလေးကို သိပ်ချစ်တာလေ။ ညီမလေးက မေ့ကို စိတ်ဆိုးနေခဲ့ပြီး မိဘတွေ ဆုံးသွားတော့ ကျောင်းသွားတက်မယ်ဆိုပြီး ထွက်သွားတာ အခုဆို ဆယ်နှစ်တောင် ရှိပြီ။ မေ့ကို အဆက်အသွယ်လည်း မလုပ်ဘူး။ မေက အဲ့တော့ ညီအစ်မ မေတ္တာကို တကယ် ငတ်မွတ်နေတာလေ။"
"ကိုယ် နားလည်ပါတယ် မေရယ်..."
ဝေယံက မေ့ရဲ့ လက်ကို ဆုပ်ကိုင်ရင်း ပြုံးကာ ပြောလိုက်လေ၏။ သို့သော် နှုတ်ကနေ ပွင့်ထွက်မလာဘဲ ရင်ထဲတွင်သာ မြိုသိပ်လိုက်သော စကား တစ်ခွန်းလည်း ရှိပေသည်။
"ဒါပေမယ့် ငွေနှင်းတို့ကို အားကျလို့တော့ မဖြစ်ဘူးလေ။ သူတို့က ညီအစ်မဆိုပေမယ့် ဘင်္ဂလားညီအစ်မ။"
..................................
သောကြာနေ့ညနေ ဖြစ်သောကြောင့် ကျောင်းမှ ပြန်ရောက်သည်နှင့် ရေ၊မိုးချိုးကာ ဟန်သစ် တစ်ယောက် ခြေပစ်လက်ပစ် အိပ်နေလေသည်။
ရုတ်တရက်မြည်လာသော ဖုန်းသံကြောင့် ဟန်သစ် စိတ်ရှုပ်သွားကာ ဖုန်းကို စမ်းရင်း contact ကို ကြည့်လိုက်လေရာ ငွေနှင်းဖြစ်နေလေသည်။
"အင်း... ခိုင်..."
ဟန်သစ်၏ အိပ်ချင်မူးတူးအသံကြောင့် ခိုင်က ရယ်ကျဲကျဲလေသံဖြင့်
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 5 (Unicode)
Start from the beginning
