"အင်း... တစ်မနက်လုံး Final တွေရဲ့ စာတမ်းခေါင်းစဉ်တွေ၊ အကျဉ်းချုပ်တင်ပြတာတွေ ဖတ်ပြီး ရွေးနေတာ။ Friday Meeting ကျရင် discussion ချရမှာမို့လေ။"

"ပင်ပန်းနေတာပဲ။ ခိုင်က ဒီမှာ မဝေတို့နဲ့ အောင်ဇေယျထဲ သွားမလို့ ဘာမှာဦးမလဲ လှမ်းမေးတာ။"

"အင်း... မှာစရာရှိတယ်။"

"အင်း... ပြောလေ။ ဝယ်ခဲ့ပေးမယ်။"

"လမ်းသွားလမ်းလာ ဂရုစိုက်၊ တစ်ခါ တစ်ခါ ကားတွေက အတင်းဖြတ်မောင်းတာ။"

ဟန်သစ်၏ စကားကြောင့် ငွေနှင်း၏ ရယ်သံက ခပ်လွင်လွင် ပေါ်လာလေရာ ဟန်သစ် ပြုံးလိုက်မိလေသည်။

"အကောင်းမေးနေတာကို..."

"နွယ်ကလည်း အကောင်းပြောတာလေ။"

"တော်တော့... မုန့်ဝယ်ပြီး လူကြုံရှိရင် ပို့ခိုင်းလိုက်မယ်။"

"လူကြုံမရှိရင်ရော..."

"သမီးကို လှမ်းခေါ်ပြီး ပို့ခိုင်းလိုက်မယ်လေ"

"ကိုယ်တိုင်လာရင် နွယ်က ကိုက်စားမှာမို့လို့လား..."

"ငါတို့ဌာနမှူးက ငါအကြာကြီး အပြင်သွားတယ် ဆိုပြီး ဆူရင် ဘယ်လိုလုပ်မလဲ"

"နွယ်နဲ့ လာတွေ့တာလို့ ပြောလိုက်လေ..."

"ဘာလဲ... လွမ်းလို့လား..."

"ဆိုပါတော့..."

"ထမင်းစားချိန် တွေ့ရဦးမှာပဲကို..."

"နွယ် မအားဘူး။ စာတမ်းအကျဉ်းတွေ ဒီနေ့ ဖတ်လို့ မပြီးရင် အိမ်ကို သယ်ရလိမ့်မယ်။"

"အဲ့ဒါဆိုလည်း ထမင်းစားချိန်ကျမှ ရုံးခန်းကို တစ်ခုခု လာပို့ပေးမယ်လေ။"

"အင်း ... အင်း။ အခုတော့ မျက်လုံးညောင်းလို့ မှောက်အိပ်နေတာ။"

"ဒါဆို နားလိုက်ဦးလေ... ဖုန်းချ လိုက်မယ်။"

"ဒါပဲနော်..."

ဖုန်းကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ခေါင်းကို စားပွဲတည့်တည့် ငုံ့လိုက်ကာ ဆက်အိပ်နေလေ၏။
..................................

အိမ်ရှေ့ ကားဝင်လာသံကို ကြားရသည်နှင့် ဇနီးဖြစ်သူ ဝင့်ဝါမေ ပြန်ရောက်လာပြီ ဖြစ်မှန်း ဝေယံဖြိုး တန်းသိလိုက်လေသည်။

By Loving (own creation)Where stories live. Discover now