"ဟုတ်တယ် တီချယ်။ ဆရာစံ Beauty Diary ကို လာရင်းနဲ့ ဒီ Branch က လူရှင်းတော့လေ ဝင်လိုက်တာ။"

"ဪ..."

ဟန်သစ်က ပြုံးရင်း ခေါင်းညိတ်လိုက်လေရာ သွန်းက

"တီချယ်က ဒီနားမှာပဲ နေတာ ထင်တယ်။"

"အင်း... Building E, 6th floor မှာနေတာ။"

"ဪ... သမီးတို့နဲ့အတူ လာထိုင်ပါလား တီချယ်။"

"ရတယ် သမီး။ တီချယ်က Take away ယူမှာမို့လို့။ သွားလိုက်ဦးမယ်နော်... "

"ဟုတ်ကဲ့ပါ... တီချယ်။"

ဟန်သစ် ထွက်သွားပြီး ကောင်တာတွင် မုန့်မှာနေသည်ကို သုံးယောက်သား ငေးကြည့်ရင်း ရတီက

"ဟဲ့...တီချယ်က ရှက်သွားတာလားဟေ..."

"ဟင်..."

"ဟုတ်တယ်လေ၊ သူက အိမ်နေရင်း လွတ်လွတ်လပ်လပ် ပုံစံနဲ့ ထွက်လာတာကို တပည့်တွေနဲ့ လာတွေ့တော့ ရှက်သွားတာလားပဲ..."

"အေးနော်..."

ရတီ့၏ စကားကို သွန်းတို့ နှစ်ယောက်
ထောက်ခံလိုက်ကြလေ၏။ လမင်းက ဟန်သစ်အား လှည့်ကြည့်ရင်း ပြုံးလိုက်ကာ

"ဒါပေမယ့် ဒီဆရာမက ဒီလိုပုံစံနဲ့တောင် တကယ်လှနေတုန်းဆိုတာ ငါတို့ ငြင်းလို့မရဘူး။ မသိရင် ငါတို့ထက် လေး၊ငါးနှစ်ပဲ ကြီးတဲ့ပုံပေါက်တယ်။ "

"တကယ်တော့ သုံးဆယ်ကျော်ရုံရှိသေးတဲ့ဟာ။ ငါတို့ အနေနဲ့ကကျတော့ တီချယ်က ဆရာမဆိုတာကိုတောင် ဌာနမှူး ဖြစ်နေတော့လေ အသက်တအားကြီးတယ်လို့ ခံစားနေရတာ။"

"ဟုတ်ပါရဲ့နော်..."

လမင်းနှင့် ရတီ၏ စကားတို့က သွန်းက တစ်ခွန်းမျှ မတုံ့ပြန်ဘဲ ပြုံးလျက်သာ နားထောင်နေလေ၏။
.....................................

ဟန်သစ်က လက်ထဲမှ ဖတ်လက်စ စာတမ်းမူကြမ်းကို အလုပ်စားပွဲပေါ် တင်လိုက်ကာ စားပွဲပေါ် ခေါင်းမှောက်၍ အိပ်လိုက်လေသည်။

ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် ခေါင်းမှောက်ထားလျက်ပင် ဖုန်းကို ယူ၍ contact ကိုပင် မဖတ်တော့ဘဲ ကိုင်လိုက်လေသည်။

"Hello"

"ဟင်... နေမကောင်းဘူးလား နွယ်။ အသံက တစ်မျိုးကြီးပဲ။"

By Loving (own creation)Where stories live. Discover now