"ငါ လက်မလျှော့ချင်ဘူး... သူက ဒီအတိုင်း လင်မယား နှစ်ယောက်တည်းပဲ အဆင်ပြေတယ် ပြောပေမယ့် ဆွေနဲ့ ကိုမျိုးတို့ရဲ့ သား ဘုန်းမြတ်ပိုင် ကို ဆုံးမစကားတွေ ပြောတဲ့အခါ၊ သူရယ်၊ ကိုမျိုးရယ်၊ မောင်ဘုန်းရယ် သုံးယောက်သား အပြင်သွားပြီး ပြန်လာတဲ့အခါ သူ ပျော်နေတာမျိုးတွေ၊ ဘေးအိမ်က ကလေးလေးကို အမြဲချီပြီး ချစ်ပေးနေတာတွေ မြင်ရတာ ငါက သူ့အတွက် ကလေးတစ်ယောက်ကိုတောင် ကောင်းကောင်းမွန်မွန် မမွေးပေးနိုင်ခဲ့ဘူးဆိုပြီး ငါတကယ် စိတ်မကောင်းဖြစ်ရတယ်... အဲ့သည့်ကလေးကို ဆုံးရှုံးခဲ့ရတာလည်း ငါ့ကိုယ်ငါ အပြစ်တင်မိနေတုန်းပဲ..."
ဝေက ပြောရင်း အသံတိမ်ဝင်သွားလေသည်။
" ဝေရယ် အဓိကက နှစ်ယောက်သား ပျော်နေဖို့ပဲ မဟုတ်လား။ ဝေ့အမျိုးသားက ဝေ့ကို သိပ်ချစ်တာ သစ်သစ်လို သူနဲ့မခင်တဲ့လူတောင် သိတယ် ... ကလေးရှိမှ အိမ်ထောင်ရေးသာယာတာ၊ အမျိုးသားက ခြေငြိမ်တာ ဆိုတဲ့ အတွေးအခေါ်တွေက ၂၀ရာစုမှာ ကျန်ရစ်ခဲ့ပြီ။ ဝေ့ရဲ့လူကြီးက ဝေ့ကို မြတ်နိုးလွန်းလို့ ဘာသာမတူလို့ဆိုပြီး အစွဲကြီးတဲ့ သူ့မိဘတွေ အမွေဖြတ်တာကိုတောင် ဝေ့လက်ကို ရအောင် တွဲခဲ့တဲ့လူ မဟုတ်လား... ဝေ abortion ဖြစ်ခဲ့တာ ဝေ့အပြစ်မဟုတ်ဘူး၊ ဝေ တမင် ပျက်ကျပါစေဆိုပြီး နေခဲ့တာမှ မဟုတ်တာ။ ပြီးတော့ ဝေ့အသက်အရွယ်နဲ့ ဝေ ကိုယ်ဝန်မဆောင်သင့်တော့ဘူး။"
ကြားဝင်ပြောလာလေသော ဟန်သစ်၏ စကားကြောင့် ဝေက တံခါးဝဆီကို ခပ်တွေတွေ ငေးကြည့်ရင်း မျက်ရည်စီးကျလာလေသည်။
"မဝေရယ်... သားမောင်ဘုန်းကလည်း မဝေရဲ့သားပဲ၊ သမီးသွန်းလေးကလည်း မဝေရဲ့ သမီးပဲလေ။ လောကမှာ မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး မဟုတ်လား။ ဆွေက ကိုယ်တိုင် မကြုံဖူးလို့ မဝေရဲ့ခံစားချက်ကို နားလည်ပါတယ်လို့ ပြောမထွက်ဘူး၊ ဒါပေမယ့် မဝေ အနေနဲ့ ကိုရွှေအေးလူရဲ့ မျက်နှာကို ပြန်ကြည့်ပါဦး။ သူ့အနေနဲ့ ကလေးချစ်တတ်တာက ချစ်တတ်တာပဲ။ abortion ဖြစ်ဖူးလို့ အားနည်းနေတဲ့ မိန်းမက သူ့အတွက် စဉ်းစားပြီး ကိုယ့်ကျန်းမာရေးကိုယ် ဂရုမစိုက်တာကို သူ့အနေနဲ့ ပျော်နေမယ် ထင်နေလား။"
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 5 (Unicode)
Start from the beginning
