Chapter 57: Wife's orders must be absolutely obeyed!

2.8K 536 12
                                    

ကုဖုန်းရဲ့စကားကိုကြားလိုက်ရသည့်အခါမှာ သူရိုးရိုးလေးပဲပြန်မေးလိုက်သည်။

"ငါ မင်းစီကနေဘာများဖွက်ထားမိပါလိမ့်? ငါ့မှာသာတစ်ခုခုရှိနေတယ်ဆိုရင် ငါ မင်းစီကနေတကယ်မလွတ်နိုင်ပါဘူး...ငါမင်းကိုလိမ်တာမရှိပါဘူးကွာ "

"လာစမ်းပါ!အဲ့မှာ ဆက်ဟန်ဆောင်နေလိုက်!"

ကုဖုန်း သည် သူ့ရဲ့နူတ်ခမ်းကိုဖွင့်ဟလိုက်ပြီး

"မင်းရဲ့အနောက်က ကလေးပုခတ်ကဘာများလဲ?"

"အာ...ကလေးပုခတ်လား"

လင်ကျန်းရီသည် သူ၏မျက်လုံးများကို နောက်ဆုံးတော့ကွန်ပျုတာက ပုံတွေမှခွာလိုက်ပြီး အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။

လွန်ခဲဲ့သည့်၂ရက်က ကျစ်ယန် လမ်းလျှောက်ရအဆင်ပြေအောင်ဆိုပြီး ကလေးပုခက်ကို ကွန်ပျူတာရဲ့ဘေးကိုရွှေ့ထားခဲ့တာပင်။
မမျှော်လင့်စွာပဲ၊videoကိုကြည့်လိုက်ရုံနဲ့ ကုဖုန်းရဲ့အဖမ်းကိုခံလိုက်ရချေပြီ။

ကောင်းပြီလေ၊မင်းမြင်ရင်လည်းမြင်သလိုပဲပေါ့။

လင်ကျန်းရီသည် မြန်မြန်လေးပင်ပြန်ဖြေပေးလိုက်သည်။

"အဟုတ်ပဲ...အဲ့ဒါ ငါ့သားသားလေးအတွက်ပဲ!ဟုတ်တယ်...မင်းမှာငါ့အပေါ်ကို ဘာထင်မြင်ချက်​လေးများဆိုစရာရှိသေးလဲ?"

"ကျစ် – ငါ့မှာဘာထင်မြင်ချက်များပြောစရာရှိရမှာလဲ!"

ကုဖုန်းသည်အထင်သေးရွံရှာဟန်ဆိုလိုက်ပြီး အကြောင်းအရာကိုပြန်ပြောင်းလိုက်သည်။

"ငါဒီအတိုင်းသိချင်ရုံပါ၊မင်းဘယ်အချိန်ကများ အခြားတစ်ယောက်နဲ့ကလေးရသွားတာလဲ?အမေကရောဘယ်သူတဲ့လဲ?ငါဘာလို့အဲ့ဒီအကြောင်းတွေမသိရတာလဲ?အား...လင်ကျန်းရီ ဒါကတော့မဟုတ်သေးဘူးကွ! မင်းကမိန်းမတွေကိုမကြိုက်ဘူးမဟုတ်လား?မင်းရဲ့နှလုံးသားကိုပြောင်းလဲလိုက်ပြီလား?"

"မျိုးရိုးနံမည် ကု နဲ့တစ်ယောက် မင်းမိန်းမကြီးလိုပွစိပွစိပြောတာကြီးကိုရပ်ပေးနိုင်မလား?"

လင်းကျန်းရီအနေနဲ့ဒီကောင်ကိုပြောပြဖို့ရာအလွန်ကိုပျင်းလွန်းလှသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now