"ဟဲ့ နင်ဘာသာနင် စဥ်းစားကြည့် ငါလွန်လားနင်လွန်လားဆိုတာ "

"ပြောပါအုန်း 😒😒😒ဘယ်သူလွန်လည်းဆိုတာ"

"ဒီမယ်ကွာ ဒီဝိုင်းကို အလွန်ဆုံး နင်ရှင်းရမှ တစ်သိန်းတောင်မပြည့်ဘူး နင်ရတဲ့အမြတ်က တစ်ကာကော်တောင်လေ ေနာက်ပြီး နင့်မှာ သူငယ်ချင်းဆိုလို့ ဒီတစ်ယောက်လေး ရှိတာ မဟုတ်ဘူးလား
ရှိတဲ့ ရှားရှားပါးပါး သူငယ်ချင်းလေးကို ကျွေးချင်မွေးချင်တဲ့ စိတ်ကို မရှိဘူး "

"ဪ မှတ်သားလောက်ပါတယ် ငါကတော့ ဆိုင်ကောင်းကောင်းမှာ ကျွေးမယ် ဆိုပြီး မနက်ဖြန်လောက်မှ ပြောတော့မယ် ကြံတုန်း
ရှိသေး အမြတ်ရတဲ့  ပိုက်ဆံတွေကို  ဘဏ်ထဲထည့်တာ ငါးနာရီတောင်မရှိသေးတဲ့ အချိန်အတွင်းမှာ ရောက်လာပြီး အပြစ်တင်
နေတဲ့ သူငယ်ချင်းကောင်းလေးက ဘယ်သူလည်း မသိဘူးနော်🙂🙂🙂 "

"ကဲပါ အေးချမ်းရယ် ငါ့ကို ကြောက်စရာကောင်းအောင် fake
smile ကြီးနဲ့ မပြုံးစမ်းပါနဲ့ ငါမှားပါတယ် ဟုတ်ပြီလား
နောက်ပြီး နင့်ဆီ လာတာ ဂုန်းဆင်းဖို့တစ်ခုတည်းမဟုတ်ဘူး
အရေးကြီး တဲ့ အကြောင်းပြောစရာရှိလို့"

"ဘာလည်း နင့် crush ကြီး မိန်းမယူသွားလို့လား"

"ဖွဟဲ့..လွယ်ပါစေ ဖယ်ပါစေ အေးချမ်းကိုကို ဒီစကားကို ဒီအချိန်မှာ မပြောသင့်ဘူးနော် တော်ကြာ နင့်ပါးစပ်စီးပြီး အဲ့စကားအတိုင်းငါမဖြစ်ဘဲ နင်ဖြစ်သွားလိမ့်မယ်"

"ဟွန့်...ဟာသပဲ ငါ့မှာ ဘယ်တုန်းက crush ရှိလို့လည်း ပါးစပ်စီးရအောင်"

"crush မရှိပေမယ့် နင့် ငယ်တစ်ယောက်လုံး ရှိတယ်မဟုတ်ဘူးလား"

". .........."

ငယ် ဆိုတဲ့ အသံကြားတိုင်းငြိမ်ကျသွားတတ်တဲ့ အေးချမ်းကို ကြည့်ပြီး ပိုးစံလည်း စိတ်မကောင်းဖြစ်ရသည်။ ငယ်ငယ်ကတည်းက နေ အခုချိန်ထိ ပေါင်းခဲ့တဲ့ သူငယ်ချင်းရဲ့စိတ်ကို ပိုးစံ သိတာပေါ့..
သူ့မှာ အရမ်းချစ်ရဲ့နဲ့ နောက်ဆုတ်ပေးခဲ့ရတာ...မေယွန်းငယ် နဲ့
ချစ်သူဖြစ်တုန်းကဆို မေယွန်းငယ်အကြောင်းက အေးချမ်းစကားထဲမှာမပါမဖြစ်..အေးချမ်းဘက်ကပဲ မေယွန်းငယ်ကို အရမ်းချစ်တာမဟုတ်သလို မေယွန်းငယ်ကလည်း အေးချမ်းထက် မလျော့သောအချစ်တွေနဲ့ ချစ်တယ်ဆိုတာ ပိုးစံကောင်းကောင်းသိသည်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now