"တော်ပါပြီ ဘာဘီရယ် သုံးယောက်စလုံး American system ပဲကျင့်သုံးတာပေါ့"

"ဟုတ်ပါပြီ ငါတို့ရဲ့လူစီလေးက American system ဆိုတော့
သူပြောတဲ့အတိုင်းပေါ့လေ မဟုတ်ရင် ငါတို့နှစ်ယောက် တစ်ချိန်လုံးနားပူခံနေရမှာ "

ဟယ်လန့်ရဲ့ အပြောကို ယွန်း သဘောကျစွာဖြင့် ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ လူစီ က အရမ်းကို စိတ်ကောက်တတ်တဲ့
ကောင်မလေးပင်..သူပြောတဲ့အတိုင်း မလုပ်ဖူးဆိုရင် လူကို စိတ်ကောက်ပြီ..စိတ်ကောက်ပြီဆိုရင်လည်း သူများတွေလို စကားမပြောဘဲနဲ့နေတာမဟုတ်..သူဖြစ်ချင်တာကို မရရအောင် ပြောပြီး
နားပူနားဆာ လုပ်တတ်သည်..နောက်ဆုံး လူက နားပူပြီး
သူပြောတဲ့အတိုင်းသာ လုပ်ပေးလိုက်ရတော့သည်။

"😒😒😒😒"

"ကဲ ဟုတ်ပါပြီ အဲ့တော့ ဘယ်သွားကြမလည်း ဟင်"
ယွန်းမေးလိုက်တော့မှ သုံးယောက်လုံး ဘယ်သွားကြမလည်းဆိုတာ
အကြိတ်အနယ် စဥ်းစားကြရတော့သည်..ဘာလို့လည်း ဆိုတော့ သွားချင်နေတဲ့ နေရာက ခပ်များများ မလား..

"အင်...paris ဆိုရင်ကော"

ဟယ်လန်ရဲ့ အပြောကို ကျန်တဲ့နှစ်ယောက်လုံးက သဘောတူညီစွာ ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဤသို့ဖြင့် ယွန်း တို့ သူငယ်ချင်းသုံးယောက် paris ကို ချီတက်လာခဲ့ကြသည်။

ပထမ paris ကို စစ ရောက်ချင်းရက်မှာတော့ရောက်တဲ့အချိန်က ညမှောင်ပြီဖြစ်တာကြောင့် သုံးယောက်လုံးဘယ်မှမသွားဘဲ ဟိုတယ်မှာဘဲ နေရန် ဆုံးဖြတ်လိုက်တော့သည်။ ခရီးပင်ပန်းလာတာကြောင့် အိပ်ယာထဲလည်း လဲချလိုက်ရော သုံးယောက်လုံး
တစ်ခါတည်း အိပ်ပျော်သွားတော့သည်။

ယွန်းတို့ သူငယ်ချင်းသုံးယောက် ပဲရစ်မြို့ရဲ့ အထင်ကရနေရာတွေ
ကို လည်ပတ်ခဲ့ကြသည်။ ဆယ်ရက်လောက်လည်ပတ်ပြ ီးတဲ့အခါမှာတော့ လန်ဒန်ကို ပြန်လာခဲ့ကြသည်။ လန်ဒန်ကို ပြန်ရောက်ပြီး
တာနဲ့ ဟယ်လန်နဲ့ လူစီတို့နှစ်ယောက်လုံး သူတို့တွေရဲ့ သက်ဆိုင်အိမ်အသီးသီးတို့ပြန်သွားခဲ့ကြသည်။

ဟယ်လန်နဲ့ လူစီ နှစ်ယောက်က တစ်ရက်တည်း နှစ်ယောက်လုံး အတူတူပြန်သွားကြသဖြင့် သုံးယောက်သား လေဆိပ်မှာ အတူတူဖက်၍ ငိုခဲ့ကြသေးသည်။ငါးနှစ်တာ သွားအတူ လာအတူ စားအတူသာမက စိတ်တူကိုယ်တူပေါင်းခဲ့ကြတဲ့ သူငယ်ချင်းတွေမလား...ခွဲခွာခဲ့ရတဲ့အချိန်မှာတော့ ရင်နှင့်မချိ စိတ်မကောင်းဖြစ်ခဲ့ရသည်။ နောက်တစ်နှစ်ကြာပြ ီးရင်တော့ လန်ဒန်မှာ သုံးယောက်လုံး အတူတူ ပြန်ဆုံရန် ကတိကိုလည်း ပေးခဲ့ကြသေးသည်။ ဘာပဲဖြစ်ဖြစ် နောက်တစ်နှစ်နေရင်တော့ ဟယ်လန်ကော လူစီနဲ့ရော ပြန်တွေ့ချင်သေးသည်...

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now