Chapter 49: Get out! Lao Zi wants to do Big Business!

Start from the beginning
                                    

အဲဒီ့အချိန်က သူအိပ်မက်မက်နေတာလို့ တွေးခဲ့ပြီး တစ်ကယ်ကြီးဖြစ်နေမယ်မထင်ထားပေ။ သူသိခဲ့ရင်တော့ တံခါးဖွင့်ပေးခဲ့မှာမဟုတ်ဘူး။

ကြည့်စမ်းပါဦး။ ဥက္ကဌကြီးက သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို မဆက်ဆံဘူးလေ။ သူကရေချိုးခန်းထဲမှာ အ၀တ်ဗလာနဲ့ မတ်တပ်ရပ်နေပြီး သူ့ကိုယ်သူ သန့်ရှင်းနေလေရဲ့။

"မင်း... မင်းဘာလုပ်နေတာလဲ"

တစ်ကယ်တမ်း လင်ကျန်းရီက စုကျစ်ယန်လာနေသံကို အဝေးကတည်းက ကြားခဲ့ပြီးဖြစ်သည်။ တံခါးကိုဖွင့်လိုက်ချိန်မှာတော့ အံ့အားသင့်နေဟန်နဲ့ သူ့ရင်ဘတ်သူအုပ်ကာလိုက်ကာ ဟာသလုပ်လိုက်သည်။

"မင်းမြင်ပြီးသွားပြီဆိုတော့ ကိုယ့်ကိုတာ၀န်ယူပေးရမယ်နော်"

"ထွက်သွားစမ်းပါ"

စုကျစ်ယန်ရယ်မောရင်း ဆူပူကြိမ်းမောင်းပစ်လိုက်သည်။

"ပြီးတော့ ခင်ဗျားဖုံးတာနေရာလွဲနေတယ်။ မိန်းကလေးတွေပဲ သူတို့ရင်ဘတ်ကိုကာကြတာ..."

ဒီစကားကိုပြောရင်း စုကျစ်ယန်က အောက်ဘက်ကိုကြည့်လိုက်သည်။ သူ့ကိုနှုတ်ဆက်နေတဲ့ လင်ကျန်းရီရဲ့ညီငယ်လေးကို တွေ့လိုက်ရချိန်မှာတော့ ချက်ချင်းကို သူ့မျက်နှာတစ်ခုလုံး ရဲပတောင်းခတ်သွားတော့သည်။

လင်ကျန်းရီက ရေချိုးဆပ်ပြာရည်ကို ကိုယ်ပေါ်မှာပွတ်ရင်း ပြောလိုက်သည်။

"အဲဒါကို မင်းမြင်သွားတယ်... မင်းမြင်သွားပြီးပြီ... မင်းတာ၀န်ယူကိုယူပေးရမယ်"

"အဓိပ္ပာယ်မရှိတာ... ခင်ဗျားကကျွန်တော့်ရေချိုးခန်းထဲ အ၀တ်ဗလာနဲ့ရပ်နေမှတော့ ဘယ်လိုလုပ်မမြင်ဘဲနေမှာလဲ။ ခင်ဗျားဘာသာခင်ဗျား ကျွန်တော့်ကိုအမြင်ခံတာလေ။ ဒီနေရာမှာ အ၀တ်မ၀တ်ရဘူးလို့ ခင်ဗျားကိုဘယ်သူကပြောခဲ့လို့လဲ"

စုကျစ်ယန် တစ်စက္ကန့်လောက် ရှက်သွေးဖြာသွားပြီးနောက် မကြာခင်မှာ လင်ကျန်းရီကိုကြည့်ကာ အပြစ်ကင်းလွတ်ခွင့်ပြုလိုက်သည်။
 
ပြောဖို့မလိုပါဘူး။ သူနဲ့ အယုတ်တမာကောင် လင်ကျန်းရီတို့ အချစ်တိုက်ပွဲ၀င်ခဲ့ကြတဲ့ အဲဒီ့နေ့က တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်နဲ့လေ့လာဖို့ အချိန်မရှိခဲ့ကြဘူး။ ဒီလူက ကြည့်လို့တော့ ကောင်းသား။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now