ကျောက်မင်ရာ သိချင်စိတ်ဖြင့် ပြောတယ် .."ဆိပ်ကမ်းမှာ ဘယ်သူမှမရှ်ိပါလား"

ကျောင်းယွင်းဟော်က .."ဒီကျွန်းက လူသိနည်းတယ် ... ပြီးတော့ အရမ်းနာမည်မကြီးဘူးလေ ... လူတွေအများကြီးရှိလည်း ငါတို့ဘာလုပ်လို့ရမှာလဲ?"

စုမင် ဘာမှမပြောဘဲ သူတို့နောက်လိုက်လာတယ်။ သူတို့က စုမင်လှိုင်းမူးဒဏ်ကြောင့်လို့ပဲ တွေးထင်နေကြတယ်။

သူတို့ဆိပ်ကမ်းကနေ လျှောက်ခဲ့ပြီး မကြာခင် တောင်ခြေရောက်လာတယ်။ ထိုနေရာက လမ်းများသည် နည်းနည်းပိုရှုပ်ထွေး၏။

ချန်းရှင်းကျို့လမ်းဆုံ‌၌ မတ်တပ်ရပ်ပြီး သူတို့ကို တစ်ယောက်ယောက်လာကြိုသည်ကို စောင့်နေတယ်။

ထိုအခိုက်တန့် ချန်ယုချင်းရုတ်တရက်ထအော်၏ .."ဘာလို့ ဖားပြုပ်တွေအဲ့လောက်များရတာလဲ? လန့်လို့သေတော့မယ်"

ကြားတော့ ထိုလမ်းတွင် ခုန်ပေါက်နေ‌သော ဖားပြုပ်များစွာကို သူတို့သတိထားမိကြသည်။ မသိရင် ဖားပြုပ်သိုက်ကို သူတို့ရောက်နေသလိုပဲ။

တစ်ချက်ကြည့်တာနဲ့ လမ်းမှာ ဖားပြုပ်တွေနဲ့ ပြည့်နေတာမို့ မိန်းကလေးတွေက သွားဖို့ ငြင်းဆန်နေတယ်။

ထိုအရာကို စုမင်မကြောက်သော်လည်း လမ်းတစ်လျှောက်လုံး သူတို့တွေနဲ့ပြည့်နေတာက သူဦးရေခွံပင် ထုံထိုင်းသလိုခံစားလိုက်ရတယ် ... ဒီကျွန်းက တစ်ခုခုမှားနေပြီလို့ ပြောနိုင်တယ်။

ဒီတစ်ခါhorrorဇာတ်လမ်းက သည်းထိပ်ရင်ဖိုတက္ကသိုလ်ထပ်ဆိုင်ရင် ပိုစိတ်ရောဂါရစေနိုင်တယ်။ စုမင်အသံတစ်ခုကြားပြီး လှည့်လိုက်တော့ .."ဟိုမှာအဘွားတစ်ယောက်လာနေတယ်"

အဘွားသည် ဖြည်းဖြည်းလေးယက်ကန်ယက်ကန်ဖြင့် တုတ်ကိုအားပြုပြီး လျှောက်နေကာ မကြာမှီ သူတို့ရပ်နေရာဆီ ရောက်လာ၏။ ချန်းရှင်းကျို့တိုးတိုးလေးပြောတယ် .."သူမကြည့်ရတာ မျက်မမြင်ပုံပဲ"

စုမင်လည်း တစ်ခုခုမူမမှန်ဘူးဆိုတာ ပြောမလို့ပဲ မျက်မမြင်တဲ့ကိစ္စဆိုတာသတိထားမိလိုက်တယ်။ အဘွားသည် မျက်မမြင်တာဆိုရင် ဘာလို့သူတို့ကိုဒီလိုကြည့်နေရတာလဲ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now