ယုယကတော့ ငွေနှင်းကို ငေးကြည့်နေလေသည်။
"ဒါနဲ့ ငွေနှင်း... နင့်ကိုလေ... ပထမနှစ် သဘင်က ကောင်မလေးတစ်ယောက်က ချစ်လို့တဲ့..."
ယုယ၏ စကားကြောင့် ဝေက လက်မှတ်ဆက်မထိုးဘဲ ဘောပင်ကို ကိုင်ကာ လှည့်ကြည့်လိုက်လေသည်။ ဆွေကလည်း တအံ့တဩ။
ငွေနှင်းကတော့ ပြုံးလိုက်ကာ
"သိသားပဲ... ဟန်သစ်နွယ်မလား..."
ငွေနှင်း၏ စကားကြောင့် ဝေက ကိုင်ထားသည့် ဘောပင် လွတ်ကျသွားလေသည်။ ဆွေကတော့ ကြောင်၍ ကြည့်နေလေသည်။
ယုယက ပြုံး၍ ခေါင်းညိတ်လိုက်ကာ
"အင်း... ဟုတ်တယ်..."
ငွေနှင်းက ပြုံးလိုက်လေသည်။ ထို့နောက်
"သွားလိုက်ဦးမယ် တီချယ်။"
"အေးအေး..."
ငွေနှင်းတို့ သုံးဦးသားထွက်လာကြလေ၏။
....................
"ဟဲ့ ခုန တီချယ်ယု ပြောတာ ဘာစကားကြီးလဲ..."
ဝေက ငွေနှင်းကို မကြည့်ဘဲ ရခိုင်မုန့်တီပန်းကန်ကို ကြည့်ကာ ငရုတ်သီးချဉ် ထည့်ရင်း မေးလေလိုက်သည်။
ဆွေက ငှဲ့ထားပြီးသား ရေနွေးခွက်ကို ဝေ့ဘက်သို့ ချပေးလိုက်ပြီးနောက် ငွေနှင်းအား မေးခွန်းထုတ်သည့် မျက်လုံးများနှင့် ကြည့်လာလေသည်။
"ငွေနှင်းကို နေ့လယ်က သူလိုက်ပို့တော့ သူ့သူငယ်ချင်းတွေက သူ့ကို စကြတယ်လေ၊ ငွေနှင်းက မေးတော့ သူကဗျာရေးတာကို စကြတာပါတဲ့။ သူ့ကဗျာကလည်း ကြည့်ဦးလေ ဆရာမတစ်ယောက်ကို သဘောကျတဲ့အကြောင်းတဲ့။ ပြီးတော့ တီချယ်ယုက သဘင်၊ ပထမနှစ်ကဆိုတော့ သူပဲလေ..."
ဆွေက ပြုံးလိုက်ကာ
"အဲ့ကောင်မလေးက စာတော့တကယ်တော်တာနော်။ ဟိုနေ့က အချိန်ရနေတော့ Introduction လုပ်ခိုင်းတာ သူ့ရဲ့ Pronunciationက ငါ့ထက်တောင် သာတယ်။"
"ငါလည်း သူ့ကို သိတယ်။ တအားသွက်လို့... စာမေးရင်လည်း ဒေါက်ခနဲပဲ။"
BINABASA MO ANG
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 4 (Unicode)
Magsimula sa umpisa
