ငွေနှင်းက ဟန်သစ်ကို ကြည့်ရင်း ပြုံးလိုက်ကာ
"ကဗျာဆိုတာ ကိုယ်စားခံစားပြီး ရေးတာမျိုးလည်း ရှိတာပဲ။ ကိုယ်တွေ့ကိုပဲ ရေးလို့ရတာမှ မဟုတ်တာ ..."
"ဟုတ်တယ်လေ... ဒါကို သူတို့ နားမလည်ဘူး တီချယ်ရဲ့..."
ငွေနှင်းက ပြုံး၍ ခေါင်းညိတ်လိုက်လေ၏။
"သမီးပြောတဲ့ သီချင်းက ကောင်းသားပဲ..."
"ဟုတ်တယ်မလား။ 1980 တုန်းက ထွက်တာပေမယ့် အခုလို အနှစ်နှစ်ဆယ် ကြာပြီး သက္ကရာဇ်2000 မှာတောင် လန်းဆန်းနေတုန်းပဲ။ 1980တုန်းကပဲ ABBA Band ရဲ့ Super Troupers စီးရီးလည်း ကောင်းတယ်။ သမီး နောက်မှ ယူလာပေးမယ်။"
"ဪ... Super Troupers ဆိုတာ Lခွန်းရီ ပြန်ဆိုထားတဲ့ နှင်းဆီကိုကို မဟုတ်လား။"
"အာ... ဟုတ်တယ်၊ ဟုတ်တယ်။"
"သမီးရဲ့ တိတ်ခွေ ပြန်ပေးဖို့ ပါလာတယ်။ ဌာနရောက်မှပဲ ယူတော့။"
"ဟုတ်ကဲ့ တီချယ်။"
....................
တက္ကသိုလ်မဂ္ဂဇင်းကိစ္စနှင့် ပတ်သတ်၍ ယုယထွေးတစ်ယောက် စာပေဌာနမှူးနှင့် ဆွေးနွေးရင်း စကားစမြည်ပြောနေလေ၏။
အခန်းကန့်လန့်ကာစကို တစ်စုံတစ်ယောက်က လှပ်လိုက်သဖြင့် အလင်းရောင် ဝင်ရောက်လာလေရာ စာပေဌာနမှူးရော၊ ယုယပါ လှည့်ကြည့်လိုက်လေ၏။
ကန့်လန့်ကာစကို ကိုင်ကာ သူမတို့အား ကြည့်ရင်း ငွေနှင်း ပြုံးလိုက်လေ၏။
"ဟီး... လက်မှတ်လာထိုးတာ..."
ငွေနှင်း၏ နောက်မှ ဆွေနှင့်ဝေတို့က ကန့်လန့်ကာစအနား ခေါင်းပြူထွက်ရင်း ပြုံးလိုက်လေ၏။
"လာလေ သမီးတို့။"
ဌာနမှူး၏ စကားဆုံးသည်နှင့် ငွေနှင်းတို့က သုံးယောက်သား တန်းစီ ဝငိလာကြလေ၏။
"စာမူလာပို့တာလား တီချယ်ယု..."
"အေး... ဟုတ်တယ်။ မတွေ့တာတောင် ကြာပြီနော်... ငွေနှင်း။"
"ဟုတ်ပါရဲ့... ဒါတောင် အဆောင်ချင်းက ဟိုဘက်၊သည်ဘက်မို့။"
ငွေနှင်းက ရယ်ရင်း အခန်းထောင့် စားပွဲပေါ်ရှိ ဆရာ၊ဆရာမများ၏ ရုံးတက်လက်မှတ်စာအုပ်၌ လက်မှတ်ထိုးလိုက်လေသည်။ ထို့နောက် ဆွေနှင့်ဝေက လက်မှတ်ထိုးလိုက်လေသည်။
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 4 (Unicode)
Start from the beginning
