မင်းမောင်က ဟန်သစ်ကို တွေ့သည်နှင့် ဝမ်းသာအားရ ထအော်လေသည်။

"ဟဲ့ အသစ်... နင့်ချစ်ချစ်ကြီး ပြန်ပြီလား... "

ဟန်သစ်က မင်းမောင်အား ငွေနှင်းရှိနေကြောင်း မျက်ရိပ်ပြလိုက်လေခါမှ မင်းမောင်က ငွေနှင်းကို မြင်လေကာ

"အာ... တီချယ်။ သားက တီချယ့်ကို အသစ်ရဲ့ သူငယ်ချင်းလို့တောင် ထင်လိုက်တာ။ တီချယ်က တကယ်နုနေရော... ကျောင်းသူလေးလိုပဲ။"

ဟန်သစ်က မင်းမောင်ကို မျက်စောင်းထိုးလိုက်လေသည်။ ငွေနှင်းကတော့ ရယ်လျက်

"အေးပါ... အတန်းလာမတက်တာကို တီချယ်မဆူပါဘူး..."

မင်းမောင်က ရယ်ရင်း ခေါင်းကုတ်လိုက်လေသည်။ ထို့နောက် ဟန်သစ်အား ကြည့်ကာ

"ဟဲ့... အသစ်၊ ငါ့တီချယ်ကို စိတ်ချမယ်နော်။ သေချာ လိုက်ပို့လိုက်။"

"တိတ်စမ်း..."

ရုတ်တရက် ထအော်လိုက်သော ဟန်သစ်ကြောင့် ငွေနှင်းက အံ့ဩတကြီး လှည့်ကြည့်လေသည်။ မင်းမောင်ကတော့ ပြုံးစိစိဖြင့်

"မြန်မြန်သွား၊ ထမင်းစားဖို့ စောင့်နေမယ်။"

ဟန်သစ်က နှုတ်ခမ်းကိုက်လိုက်လေသည်။

"သွားကြမယ်လေ... တီချယ်။"

ငွေနှင်းက ခေါင်းညိတ်လိုက်ကာ အတူထွက်လာကြလေ၏။

မင်းမောင်တို့ကတော့ ပြုံးလျက် ရပ်ကြည့်နေလေသည်။

"သူ ဘာတွေ ပြောသွားတာလဲ ... သမီး"

"သူက အဲ့လိုပဲ... လိုက်စနေတာပါ..."

"တီချယ့်ကို စိတ်ချမယ်လို့ရော ဘာလို့ပြောတာလဲ..."

ဟန်သစ်က ပြုံးလိုက်ကာ

"ဘာရယ်မဟုတ်ပါဘူး။ သမီးက ဆရာမတစ်ယောက်ကို သဘောကျနေတဲ့ concept နဲ့ ကဗျာရေးတာကို ဘယ်ဆရာမလဲ ဘာညာနဲ့ စနေတာပါ..."

ငွေနှင်းက ဟန်သစ်အား ခိုးကြည့်လိုက်လေသည်။ ဟန်သစ်တော့ စာအုပ်တစ်ဖက်၊ ထီးတစ်ဖက်နှင့်မို့ လမ်းကိုသာ အာရုံစိုက်နေလေသည်။

By Loving (own creation)Where stories live. Discover now