ဟန်သစ်က ရယ်ရင်း တားလိုက်လေရာ

" နင့်လေသံအရဆို တကယ် စာပေကပဲ။"

ဟန်သစ်က ပြန်မဖြေဘဲ ရယ်နေလေ၏။

" စာပေမှာ ငယ်တဲ့ဆရာမဆိုရင် အင်္ဂလိပ်စာက ယဉ်မင်းဆွေလား။"

ဟန်သစ်က ခေါင်းယမ်းလိုက်လေ၏။

" ဒါဆို မြန်မာစာက လဲ့နှင်းဝေလား။ ဒါမှမဟုတ် အင်္ဂလိပ်စာက ဟိုကောင်မလေး ... သူ့နာမည်က ဘာတဲ့... ငွေနှင်းခိုင်လား။"

ဟန်သစ်က ပြုံးကာ ခေါင်းငုံ့သွားလေလျှင် ယုယက မျက်ခုံးပင့်လိုက်ကာ

" ဘယ်သူလဲ... လဲ့နှင်းဝေလား၊ ငွေနှင်းခိုင်လား။"

ဟန်သစ်က ပြန်မဖြေဘဲ ရယ်လျက်သာနေလေ၏။

" ငွေနှင်းခိုင်လား... ဟုတ်တယ်မလား။"

ဟန်သစ်က ခေါင်းညိတ်လိုက်လေ၏။

" ဪ... သူက ဟိုဘက်ဆောင်မှာ နေတာလေ။"

" ဟင်... အဆောင်(၂)ဘက်မှာလား။"

"အေးလေ... နင်မသိဘူးလား။"

ဟန်သစ်က ခေါင်းခါရင်း

"မသိဘူး... တီချယ်။"

"အေးပေါ့။ အဆောင်တွေက ဟိုဘက်၊ သည်ဘက် အသွားအလာမှ သိပ်မရှိတာ။"

"အဲ့ဒါဆို တီချယ် ... သစ်သစ် ဟိုဘက်ဆောင်ကို ပြောင်းလို့ မရဘူးလား။"

ဟန်သစ်၏ မေးခွန်းကြောင့် ယုယက မျက်စောင်းထိုးလိုက်ကာ

"ဒီကောင်မလေးကတော့လေ..."

..................

အတန်းဆင်းလေလျှင် ဟန်သစ်က စာအုပ်သိမ်းနေသော ငွေနှင်းအနားသို့သွားကာ

"ဒီနေ့လည်း လိုက်ပို့ပေးမယ်၊ တီချယ်။"

"နေတွေ ပူနေတာကို။ မပင်ပန်းဘူးလား။"

"မြန်မာစာဌာနမှာ ဟိုနေ့က မရှင်းတဲ့စာလေး မေးစရာရှိလို့ပါ..."

"ဪ... အဲ့ဒါဆိုလည်း သွားကြမယ်လေ။"

ဟန်သစ်က ပြုံးလိုက်ကာ

"ဟုတ်ကဲ့... တီချယ်။"

ဟန်သစ်နှင့် ငွေနှင်းတို့အတူထွက်လာကြလေ၏။ အဆောင်ရှေ့နားအရောက် ဟန်သစ်က ထီးဖွင့်လိုက်ရုံ ရှိသေး အရှေ့မှ အတန်းပြေးပြီး အတန်းပြီးချိန်မှန်းရင် ပြန်ရောက်လာသော မင်းမောင်တို့နှင့် တည့်တည့်တွေ့လေ၏။

By Loving (own creation)Where stories live. Discover now