" တီချယ် ဘာကိုပြောတာလဲဟင်..."

" နင် မဂ္ဂဇင်းအတွက် စာမူလာပေးတာ မဟုတ်ဘူးလား..."

ဟန်သစ်က ခေါင်းကို ခပ်သွက်သွက်ညိတ်လိုက်ရင်း

" ဟုတ်တယ်လေ... "

ယုယက ရယ်လိုက်ကာ

" နင့်စာမူ နင်ပြန်ဖတ်ကြည့်ဦး..."

ဟန်သစ်က ယုယ၏ လက်ထဲမှ စာမူစာရွက်ဖိုင်ကို ဆွဲယူကာ ဖတ်လိုက်လေ၏။

"တီချယ် က ပြုံးလိုက်ရင် သိပ်လှတာပဲ..."

ပထမဆုံး စာကြောင်းကို ဖတ်ပြီး ဟန်သစ် မျက်လုံးပြူးသွားလေ၏။

" အဲ... တီချယ်... ဟိုလေ... သစ်သစ် ဖိုင်မှားပြီး ယူလာမိတာ။ အကုန်ဖတ်လိုက်တာလားဟင်။"

ယုယက ရယ်လျက်

" အေးပေါ့။ နင်က စာမူဆိုတော့ ငါကလည်း ဖတ်လိုက်တာပေါ့။ ဘယ့်နှယ့်..."

ဟန်သစ်က ခေါင်းကိုကုတ်လျက်

" ရှက်လိုက်တာ။ "

" ပြောစမ်းပါဦး။ ဘယ်ဆရာမလေးလဲဟေ။ "

" ဟာ... တီချယ်ကလည်း"

" ဪ... အကောင်းမေးတာလေ။ ဒီကျောင်းမှာ ငါနဲ့ မသိတဲ့ ဆရာမ မရှိဘူး။ ငါ မိတ်ဆက်ပေးမယ်လေ။"

"အို..."

" အသစ်ရယ်။ ငါတို့လည်း ငယ်ရာက ကြီးလာတာ ဒီလောက်တော့ နားလည်ပါတယ်။ အဲ့လိုပဲ ဆရာမငယ်ငယ်ချောချောလေးတွေကိုဆို အားကျပြီး သဘောကျတတ်တာပါပဲ။ နင့်လိုတော့ စာတစ်တန်၊ ပေတစ်တန် ဖွဲ့နွဲ့ရေးတတ်တဲ့သူကိုတော့ တွေ့ဖူးတာတော့ ပထမဆုံးပဲ။"

ယုယ၏ စကားကြောင့် ဟန်သစ် ပြုံးလိုက်မိလေသည်။

"သစ်သစ်လည်းလေ လူတစ်ယောက်ကို စွဲလမ်းပြီး သဘောကျဖူးတာ ပထမဆုံးပဲ။ ခံစားချက်တွေက ရှုပ်ထွေးနေတယ် တီချယ်။ ကိုယ်တိုင်လည်း နားမလည်ဘူး။"

" ပြောစမ်းပါ... ဘယ်သူလဲ... ငါတို့ဌာနကပဲလား။"

"ဟာ... တီချယ်ကလည်း..."

"ဒါဆို ငါတို့ဌာနက မဟုတ်ဘူးပဲ။ အဲ့တော့ စာပေကပေါ့..."

" တော်ပါတော့... တီချယ်ရယ်။"

By Loving (own creation)Where stories live. Discover now