"အင်းအင်း... ပေးလိုက်မယ်နော် သမီး။"
"အဲ့ဒါဆို သွားလိုက်ပါဦးမယ် တီချယ်။"
ဆွေက ပြုံး၍ ခေါင်းညိတ်လိုက်ကာ
"ဟုတ်ကဲ့ပါရှင်... ဂရုစိုက်သွားနော်။ အပြင်မှာ နေပူတယ်။"
"ဟုတ်ကဲ့... တီချယ်။"
ဟန်သစ်ထွက်သွားသည်နှင့် ဝေက အခန်းကူးလာကာ ဆွေ့နံဘေး ခုံဆွဲထိုင်လိုက်လေ၏။
"ဟဲ့ ဘာလဲဟေ..."
"သီချင်းခွေပါ မဝေရယ်။ ဘာတဲ့ ... Super Troupers တဲ့..."
ဆွေက တိတ်ခွေကို ယူကြည့်ကာ ပြောလိုက်ပြီးနောက် ဝေ့အား ပေးလိုက်လေ၏။
ဝေက တိတ်ခွေရှိ songs list ကို ကြည့်ကာ
"ဟဲ့ ဒီမှာ ကြည့်စမ်း ... မင်နီနဲ့ အသည်းပုံလေးတွေ ဆွဲထားတယ်။"
ဝေ့စကားကြောင့် ဆွေက songs listကြည့်လိုက်ကာ ပြုံးလိုက်လေသည်။
"မဝေကလည်း သူကြိုက်တဲ့ သီချင်းတွေကို မှတ်ထားတာနေမှာပေါ့။"
"ဟဲ့... သူကြိုက်တဲ့ သီချင်းကလည်း Lay all your love on me တဲ့လား... အသည်းပုံလည်း ဟိုဘက် သည်ဘက်နှစ်ခုတောင် ဆွဲထားတာ"
ဝေ့စကားကြောင့် ဆွေက ရယ်လိုက်လေသည်။
"ရယ်မနေနဲ့ မေဆွိ... ခုန ငါ့ကို စာအုပ်တွေသယ်ပေးပြီး အခန်းထဲ ဝင်ဝင်ချင်း ငွေနှင်းရှိလား အရင်လှမ်းရှိုးသေးတာ။ မရှိမှန်း သိတော့လေ... မျက်နှာ ချက်ချင်း ညှိုးကျသွားတာ။ သက်ပြင်း၊ သက်မတောင် ချလို့..."
ဝေက စကားကို ရပ်လိုက်ကာ ဘေးဘီကို ကြည့်လိုက်ပြီးနောက် ဆွေ့နားနားကပ်ကာ လက်ဖြင့်ကာ၍
"ငွေနှင်းကလည်း မရိုးတာ သိသိသာသာပဲလေ..."
ဝေက ဆွေ့အနားမှ ခွါလိုက်လေရာ ဆွေက ပြုံး၍ ဝေ့အား လှည့်ကြည့်လေသည်။
"ဒါပေမယ့် ဒါက အဓိပ္ပာယ်မရှိဘူးလေ မဝေရဲ့။ ကလေးတွေကလေ ဆယ်ကျော်သက်အရွယ် မိဘအုပ်ထိန်းမှုအောက်ကနေ လွတ်ခါစ၊ တက္ကသိုလ်မှာ ကိုယ့်အပေါ် နွေးထွေးမှု ပေးနိုင်မယ်ထင်တဲ့ ဆရာမအပေါ် ခင်တွယ်မိတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒီအရွယ်က စိတ်ကစားတတ်ကြတာပဲလေ။ အဲ့ဒါကြောင့် အချစ်တော် ထားချင်တာမျိုးပေါ့။ ဟင်း... ဆွေကတော့ မယုံဘူး။ ပြီးတော့ တကယ် ရည်ငံသွားကြရင်တောင် ရေရှည်မှာ နာကျင်ကြရလိမ့်မယ်။"
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 4 (Unicode)
Start from the beginning
