"ရပါတယ်... ဆောင်းပေးမယ်လေ။ အဲ့ဒါကြောင့် လိုက်မသယ်ပေးပါနဲ့ဆို။ သူတို့ ယောက်ျားလေးတွေ လုပ်မှာပေါ့။"
ဝေက ထီးကို ဖွင့်ရင်း ပြောလိုက်လေရာ ဟန်သစ်က ပြုံးလိုက်ရင်း
"ယောက်ျားလေးအလုပ်၊ မိန်းကလေးအလုပ် ခွဲမနေပါဘူး။ သမီး လုပ်နိုင်တဲ့အလုပ်ဆို လုပ်လိုက်တာပဲ။ သူတို့ စာအုပ် နှစ်စည်း သယ်နေတဲ့အချိန် သမီးက တစ်စည်းပဲ သယ်ပေးနိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် ဒါက သမီးလုပ်ပေးနိုင်တဲ့အရာပဲလေ..."
"ဒါလည်း ဟုတ်ပါတယ်..."
ဝေက ပြောရင်း ဟန်သစ်အား ထီးဆောင်းပေးလိုက်လေ၏။
ဌာနခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ဟန်သစ်က အလယ်တံခါးမှ တစ်ဆင့် ငွေနှင်း၏ စားပွဲကို လှမ်းကြည့်လိုက်လေသည်။
ငွေနှင်းကို မတွေ့လေရာ သက်ပြင်းချလိုက်လေ၏။
ထိုအဖြစ်ကို ဝေက မြင်ဖြစ်အောင် မြင်လိုက်ပေသည်။
စာအုပ်များကို ဝေ့စားပွဲပေါ်၌ တင်ပေးခဲ့ပြီးနောက် ဟန်သစ်က ဝေ့အား နှုတ်ဆက်ကာ အလယ်တံခါးမှတစ်ဆင့် အင်္ဂလိပ်စာဌာနသို့ ကူးလာခဲ့လေသည်။
ရုတ်တရက် စားပွဲရှေ့ရပ်လိုက်လေသော ဟန်သစ်ကြောင့် ဆွေ မော့ကြည့်လိုက်လေသည်။
ဟန်သစ်က ပြုံးလိုက်ကာ
"တီချယ်... ဟိုတီချယ်မလာဘူးလားဟင်။"
"ဟင်... ဘယ်တီချယ်လဲ..."
ဟန်သစ်က ဆွေနှင့်ကပ်လျက်ရှိ ငွေနှင်း၏ စားပွဲအား ကြည့်လိုက်ကာ
"တီချယ်ဒေါ်ငွေနှင်းခိုင်..."
"ဪ... ငွေနှင်းက အတန်းသွားတာ ပြန်မရောက်သေးဘူး... ကိစ္စရှိလို့လား..."
ဟန်သစ်က ပြုံး၍ ခေါင်းယမ်းလိုက်ကာ
"မဟုတ်ပါဘူး။ ဒါလေးပေးချင်လို့။"
ပြောရင်း လွယ်အိတ်ထဲမှ ABBA ရဲ့ Super Troupers တိတ်ခွေကို ထုတ်ပေးလေသည်။
"ဒါလေး ပေးပေးပါနော်... တီချယ်။"
ဆွေက တိတ်ခွေကို လှမ်းယူလိုက်ကာ
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 4 (Unicode)
Start from the beginning
