Part 15 Uni +Zaw

Zacznij od początku
                                    

ဟိုနေ့က ေကြညာချက်ကြောင့် ေကျာင်းသားတိုင်း စိတ်ညစ်သွားပေမယ့် ကျွန်တော်ကတော့ ပျော်လေသည်။ ဘာလည်းဆိုတော့
V day မရောက်ခင် တစ်ရက်အလိုကနေ စပြီး နောက်ဆုံးစာမေးပွဲစစ်တော့မှာကြောင့်ပင်။ သူတို့အတွက်ကတော့ စိတ်ညစ်စရာဖြစ်ပေမယ့် ကျွန်တော်က ဘာလို့ပျော်တာလည်း ဆိုတော့ V day မှာ
စာမေးပွဲရှိမှ ကျောင်းသားတွေ လှုပ်လို့မရမှာ။ မဟုတ်ရင် ငယ့်ကို
ပေးချင်နေတဲ့ဟာတွေက တစ်ပုံတစ်ခေါင်းကြီးလေ။

ကြားထဲကဟို မာန်ဆက်မိုးမြင့် ဆိုတဲ့ အကောင်က အဆိုးဆုံး ။ ငယ့်ကို ကြုံတိုင်း လူကြုံနဲ့ ရည်းစား စာပေးနေကြ။ ပထမတစ်ခါနှစ်ခါတော့ ကျွန်တော်လည်း အရမ်းကို ဒေါပွရတာ ေပါ့။ ဒါပေမယ့်လည်းသွားပြီးတော့ ပြသာနာရှာလို့ကမရ။ဘာလို့လည်းဆိုတော့ ငယ်နဲ့ ကိုယ်နဲ့က တရားဝင်ချစ်သူလည်းမဟုတ် ပြီးတော့ လူအများအမြင်မှာ ငယ်နဲ့ ကျွန်တော်နဲ့က ဆရာ တပည့် ဆက်ဆံရေးလေ။

ဒါကြောင့် J ဝင်ရုံမှတစ်ပါးမတတ်နိုင်။ ငယ်ကတော့ ပြောရှာပါတယ်။ ဘယ်ယောကျ်ားလေး ဘယ်လောက်ချောချော သူ့အတွက်
ကတော့ ကျွန်တော်က အချောဆုံးနဲ့ သူအချစ်ရဆုံးသော သူတဲ့လေ 😏😏😏ဘယ်လောက်တောင် ပြောတတ်လိုက်တဲ့ ကျွန်တော့်ရဲ့ချစ်သူလေးလည်း။ ကိုယ်ကလည်း သူတစ်ခွန်းခြွေလိုက်တာနဲ့
ကြွေပြီးသားပဲ။

V day ရောက်တော့ စာမေးပွဲရှိတာတောင် တစ်ချို့ကတော့
ပေးကြတာပဲ ။ ငယ့်လွယ်အိတ်ထဲတောင် ချောကလက်ပေါင်းတစ်သောင်းခြောက်ထောင်။ လက်မခံနဲ့ လို့ အတန်တန်မှာထားတာကို
နားမထောင်ဘူး။ အဲ့တော့ ကိုယ်လည်း ဘယ်ရမလည်း ။
ကျွန်တော့်ကို လာပေးကြတဲ့ တပည့်မလေးတွေရဲ့ ချောကလက်တွေကော နှင်းဆီပန်းတွေကော သူဖြေနေတဲ့ စာမေးပွဲ ခုံရဲ့ ရှေ့မှာ ထိုင်ပြီး   ချောကလက်တွေတစ်ခုပြီး တစ်ခုအားရပါးရ ဖောက်စားပြလိုက်တယ်လေ။ ငယ့်ကိုတောင် စားအုန်းမလားဆိုပြီး မေးလိုက်တော့ လူကို ကြည့်နေတဲ့ အကြည့်ကြောင့် စားနေတဲ့ ချောကလက်တောင် သီးချင်သွားတယ်။ အေးချမ်းကိုကို ..မင်းတော့ ပြသာနာကိုမီးခွက်ထွန်းရှာလိုက်တာပဲ။ သွားပြီ ငါ့ဘဝလေးတော့..အမေရေ ကယ်တော်မူပါအုန်း😖😖😖

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawOpowieści tętniące życiem. Odkryj je teraz