Part40(uni+zawgyi)

5.6K 176 19
                                    

Uni

"ဒါဆို နက်က မိဘမဲ့မဟုတ်ဘူးပေါ့

ဖေဖေနဲ့မေမေက နက်ကိုမလိုချင်လို့ပစ်ခဲ့တာမဟုတ်ဘူးပေါ့

နက်မှာ ဖေဖေရှိသေးတာပေါ့နော် ကို"

"ဒါပေါ့နက်ရဲ့ အန်ကယ်ကလေ နက်ကို အရမ်းချစ်ခဲ့တာ

နက်ကို တစ်ချိန်လုံးရှာနေခဲ့တာ ကိုယ်တောင်  အန်ကယ့်ကို အရင်ကအထင်လွဲခဲ့သေးတယ်

ဒါပေမယ့် တရုတ်ပြည်ရောက်တော့ အန်ကယ်က ကိုယ့်က သူ့အကြောင်းတော်တော်များပြောပြခဲ့တယ် "

"ဖေဖေကို နက်တွေ့ချင်လိုက်တာကိုရယ်

နက်လေ နက်ကကိုယ့်ကိုကိုယ်မိဘမဲ့တစ်ကောင်ကြွက်လို့ထင်ထားတာ

ဒါဆို နက်မှာ ဖေဖေနဲ့ အစ်မရှိသေးတာပေါ့"

"အဖေပဲရှိတာ သူကနက်အစ်မ မဟုတ်ဘူး"

ကလေးအဖေတဲ့ နုတ်ခမ်းကလည်းဆူပြီးပြောလိုက်တယ့်မိန့်ကြောင့် နက်သွားတန်းလေးပေါ်အောင်ရယ်ပြီး

"ကိုကလည်း ဖေဖေ့သမီးက နက်အစ်မပဲပေါ့

သူ့ကြောင့်ပဲနက်ရော သမီးလေးရော အသက်ရှင်တာလေ "

"သူ့ကြောင့်ပဲ ကိုယ်တို့ဘယ်လောက်ငိုခဲ့ရလဲ

နက်လည်းသေမလိုဖြစ်ခဲ့ရတာလေ ကိုယ်ကတော့ သူ့ကိုခွင့်မလွှတ်ဘူးနော်"

"ကိုရယ် သူဘယ်လောက်ပဲမှားခဲ့မှားခဲ့

သူကနက်နဲ့သွေးတော်တယ်လေ "

"တော်တော့နက်ရာ ကိုယ်တို့ခေါင်းစဉ်ပြောင်းပြီးပြောရအောင်ကွာ

သမီးကိုနို့တိုက်ချိန်ရောက်တော့မယ်

ကိုယ်သမီးလေးကိုခေါ်လာခဲ့မယ်နော်"

နက်ခေါင်းလေးငြိမ့်လိုက်တယ်

ကိုကလေ ပြန်လာပြီးထဲက နက်နားကလုံးဝမခွာဘူး

နက်မျက်နှာပဲကြည့်ပြီး နက်ဘာလိုလဲပဲတစ်ချိန်လုံး လိုက်မေးနေတာ

"သမီးလေးအတွက် ကိုယ်နံမယ်စဉ်းစားထားတယ်"

"ဟုတ်လားကို ဘယ်လိုစဉ်းစားထားလဲ"

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now