Uni
လေဆိပ်ကနေထွက်ထွက်ချင်း မိန့် မေမေ့ကိုဖုန်းခေါ်လိုက်တယ်
"မေမေသားရောက်ပြီ နက်ဆေးရုံမှာပဲလားဟင် သားမိန်းမနေကောင်းရဲ့လား"
"ဟီးအီးသား သားမြန်မြန်ပြန်လာခဲ့ မြန်မြန်လာခဲ့ပါ ဟီးအီး"
"မေမေ ဘာဖြစ်လို့လဲ နက်ဘာဖြစ်လို့လဲလို့ သားစိတ်ပူလာပြီ"
"နက်ဘာမှမဖြစ်ဘူး နက်လေ သမီးလေးမွေးထားတယ်
သားမြန်မြန်ပြန်လာခဲ့နော် မေမေ့မြေးလေးနဲ့ချွေးမလေးကို မြန်မြန်လာကြည့် ဟီးအီး"
ဆေးရုံအုပ်ကြီးဒေါ်သရဖီဘဝမှ
မြေးချစ်အဘွားအသစ်စက်စက်ဒေါ်သရဖီဘဝသို့ပြောင်းသွားတော့ ဝမ်းသာလုံးတွေစို့ပြီး ငိုနေတာလေ
ချစ်ရတဲ့သားနဲ့သမီးကမွေးထားတဲ့ ကလေးလေးက သူ့ရဲ့ အသဲအသက်လေးပေါ့
ကလေးတွေထားတဲ့ ပိုသတ်ထားတဲ့အခန်းရှေ့ကနေ သားဖြစ်သူကို ဖုန်းဆက်ပြီးလှမ်းခေါ်နေတာ
ကလေးငယ်လေးငိုနေသလိုပဲ
ခုတော့ သူမဘဝလည်းတကယ်အေးချမ်းပါပြီလေ
မိန့်တစ်ယောက် လေဆိပ်ကနေ "အန်ကယ် နက်လေ သမီးလေးမွေးတယ်တဲ့
ကျွန်တော့မိန်းမကသမီးလေးမွေးတာတဲ့
အန်ကယ်မြေးမလေးရပြီဗျ ဟားဟား"
ဦးမိုးသောက်ကိုဖက်ပြီး ပျော်နေကြတယ်
"လာသား ဦးတို့သမီးငယ်ဆီမြန်မြန်သွားရအောင်နော်"
လေဆိပ်ကနေဆေးရုံထိ ကားငှားလာတာ အလွန်ဆုံးကြာလေးဆယ့်ငါးမိနစ်ပေါ့
ဒါပေမယ့်မိန့်အာဏာအတွက်တော့ တစ်ကမ္ဘာလောက်ကြာနေတာ
"ကားဆရာ မြန်မြန်မောင်းလို့မရဘုးလားဗျာ
ခင်ဗျားမြန်မြန်မမောင်းရဲရင် ကျုပ်မောင်းပေးမယ် "
"နေပါစေသားရာ ခဏလေးသီးခံပါကွ သမီးငယ်ကထွက်မပြေးပါဘူး"
ကားပေါ်ကဆင်းဆင်းချင်း ဦးမိုးသောက်နဲ့အထုပ်တွေထားပြီး မိန့်ပြေးတာ တန်းနေတာပဲ
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်