Part31(uni+zawgyi)

5.2K 195 19
                                    

Uni

လူက အထိုးခံလိုက်ရတာတောင်

နက်ကိုစိတ်ပူတဲ့စိတ်ကလျော့မသွားပါဘူး

ကောင်မလေးနိုးလာတဲ့ အချိန် ရုံးခြင်းဆံခပ်ဖြစ်နေတာမြင်ပြီး လန့်သွားမှာ စိုးရိမ်နေရတယ်

ကျွန်တော်စိတ်ပူတယ်ဆိုတာ သူမလေးကိုမမှီခဲ့ပါဘူး

သူခါးနာနေတာတောင် ကျွန်တော်ကို ကုတင်ပေါ်မှာ မအိပ်စေချင်ခဲ့ဘူး

သူပတ်စလက်ခက်ပြောခံနေရတာတောင်

ကျွန်တော့်ကိုသိက္ခာကျမှာ စိတ်ပူနေတဲ့ ကောင်မလေးပါ

ကျွန်တော် သူ့ကို မတရားနှိပ်ဆက်ခဲ့တာတောင်

ကျွန်တော့်ကိုဘယ်တော့မှ အပစ်မမြင်ခဲ့ဘူး

ကျွန်တော် သူနဲ့ လက်ထပ်ထားတာတောင် ဆောင်းဦးယမုံရဲ့ အပြောအဆိုကို ခံနေရတုန်း

ကျွန်တော့်ဘဝမှာ နှင်းဆီနက်ဆိုတဲ့ကောင်မလေးကြောင်း ပြောင်းလဲမှုတွေဖြစ်ခဲ့ရင်တောင်
ကောင်းတဲ့ပြောင်းလဲမှုတွေပါ

သူ့မှာသာ ကျွန်တော့်ကြောင့် စပြီးပတ်သက်ကတည်းက ခုချိန်ထိ ဘာကောင်းကျိုးမှမရှိခဲ့ဘူး

ကလေးခမျာ အဖွားသေလို့ လောကဒါဏ်ကို ရင်ဆီးပြီးခံနေရတဲ့အချိန် ကျွန်တော်ကပါသူ့ကို တာဝန်မဲ့စွာ မေ့ပစ်ခဲ့မိတာလေ

"ဇာနည်သွေးရဲ့Diary"

..ဒီနေ့ကောင်မလေးတစ်ယောက်ကို ချစ်မိနေတာသေချာပြီ

..ဒီနေ့ သူ့အတန်းကိုစုံစမ်းခဲ့ပြီ မနက်ဖြန်တော့ သွားငေးရတော့မယ်

..ဒီနေ့နဲ့ဆို ကောင်မလေးအတန်းမှာ သွားငေးနေတာ တစ်ပတ်ပြည့်ပြီ

..ဒီနေ့ သူက ကိုယ့်တွေဘက်ကိုလှည့်ကြည့်တယ်

..ဒီနေ့  သူ့ကို စကားသွားပြောတယ် ဘာမှလဲပြန်မပြောဘူး

..ဒီနေ့ သူစပြောတဲ့စကားက "ဟို အစ်ကိုရောတဲ့ "

..ဒီနေ့ သူမလေး ပြောတဲ့စကားက ကျွန်မက အကို့သူငယ်ချင်းကို ချစ်တာတဲ့

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now