Part14(Uni+Zawgyi)

5.5K 225 4
                                    

Uni

"မင်းဘယ်လိုပြောလိုက်တာလဲ ယမုံ"

"ကြားတဲ့အတိုင်းပဲလေ ဘာလဲ ကိုကိုက ဒီအပျက်မကြောင့် ယမုံကို ဖျက်လိုက်တာပေါ့လေ ဟင်း ဟင်း မထင်မိဘူး နှင်းဆီနက်ဆိုတာ သူများဘဲကိုတောင် အိမ်ပေါ်တက်ပြီးကြောင်တောင်နှိုက်လိမ့်မယ်လို့"

"ဒီမှာ ဒီမှာရှင်တို့ဘာကိစ္စဘယ်လိုပတ်သက်ကြမှန်းမသိပေမယ့် ကျွန်မကိုစွပ်စွဲနေတာတွေရပ်ပါတော့ ကျွန်မကိုပြဿနာမရှာပါနဲ့ ကျွန်မအေးအေးဆေးဆေးနေပါရစေ ကိုမိန့်အာဏာနဲ့ကျွန်မနဲ့ဘာမှမပတ်သက်ပါဘူး ရှင်နောက်တစ်ခါဒီလိုမျိုးစွပ်စွဲရင် ကျွန်မသည်းခံမှာမဟုတ်တော့ဘူး"

"အော်ဟော် သည်းမခံတော့နင်ကဘာလုပ်ချင်လို့လဲ ပြော ပြောလေ"ဆောင်းဦးယမုံ နက်ကိုစောင့်တွန်းလိုက်တယ်

နက်ဟန်ချက်ပျက်ပြီး ချော်လဲမလိုဖြစ်သွားတော့ မိန့်က လှမ်းစွဲပြီး ယမုံဘက်လှည့်လိုက်တယ်

"အေး သူကတော့ မင်းကိုဘာလုပ်မလဲမသိဘူး ငါကတော့သေချာတယ် နောက်တစ်ခါ နှင်းဆီနက်ကို နုပ်နဲ့ပဲဖြစ်ဖြစ် ကိုယ်နဲ့ပဲဖြစ်ဖြစ် တစ်ခုခုထိခိုက်အောင်လုပ်မိရင် ငါမင်းကို အရှင်မထားဘူး"မိန့်ပြောပြီး နှင်းဆီနက် လက်ကိုဆွဲကာ ထွက်သွားတော့ ယမုံတစ်ယောက်တည်း အံကြိတ်ကာကျန်ခဲ့တယ်

'နှင်းဆီနက် နောက်တစ်ခေါက်နင်ကိုနိုင်ကိုနိုင်စေရမယ်'

မိန့်ရှေ့ကနေ လျှောက်နေပေမယ့် နောက်ကလိုက်နေတဲ့ နက်က"ကိုမိန့်အာဏာ ကိုမိန့်အာဏာ လွှတ်တော့ ကိုမိန့်အာဏာ"ပြေမှလှည့်ကြည့်လိုက်တော့ လက်ဆွဲပြီးထွက်လာတာ တော်တော်နာသွားလားမသိ မျက်နှာတွေတောင် ဖြူစုပ်နေပြီ

"ဟင် sorry နော် လက်နာသွားတာလား"နက် ခေါင်းလေးခါပြီး

"မဟုတ်ပါဘူး ရပါတယ် ခေါင်းနဲနဲမူးနေလို့ လမ်းဆက်မလျှောက်နိုင်တော့ဘူး "ဆိုပြီး ရောက်တဲ့နေရာမှာ စောင့်စောင့်လေးထိုင်လိုက်တယ်

"နေမကောင်းဘူးလား ဒါဆိုပြန်မယ်လေ လာ ကိုယ်လိုက်ပို့မယ်"

"ဟင့်အင်း ပြန်လို့မရဘူး အတန်းတက်ရဦးမယ် အတန်းကပျက်လို့မရဘူး"

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now