Part34(uni+zawgyi)

4.5K 171 18
                                    

Uni

မိန့် နက်အခန်းထဲကထွက်လာပြီး

မေမေ့နားနေခန်းမှာ မေမေ့ကို စောင့်နေလိုက်တယ်

မေမေကခွဲဆိတ်ခန်းကထွက်လာပြီး

"သားရောက်နေတာ ကြာပြီလား

မေမေနဲနဲနောက်ကျသွားတယ်"


"ခုပဲရောက်တာပါမေမေ မေမေပြောစရာရှိတယ်ဆို"

"အင်း နက်အကြောင်းဆိုပေမယ့် ကာယကံရှင်ထက် မေမေလည်းသားကို အရင်အသိပေးချင်လို့ "

"ဟုတ်ကဲ့ပြောပါမေမေ"

"နက်ရဲ့ဖေဖေက နက်ကိုမေမေဆီမှာ လာရှာခဲ့ဖူးတယ် "

"ဘယ်လိုမေမေ"

15years ago

"မသရဖီရယ် ကျွန်တော်တောင်းပန်ပါတယ် ဖြူရဲ့ကလေးကိုကျွန်တော်နဲ့ပေးတွေ့ပါ"

"ကျွန်မတကယ်မသိတာပါရှင် ဖြူဆုံးသွားပြီးထဲက

ဖြူမေမေက သမီးလေးကိုခေါ်ပြီး ပျောက်သွားတာ "

"တကယ်တော့လေ တကယ်တော့

ကျွန်တော်အသုံးမကျခဲ့လို့ပါ

ဖြူကလေ ဖြူကကျွန်တော့်ကိုတော်တော်စိတ်နာနေမှာပဲ"

"ကိုမိုးသောက်ရယ် ကျွန်မတို့လဲ လိုက်ရှာနေတာပါပဲ

သမီးလေးကိုတွေ့တာနဲ့ ရှင့်ကိုအကြောင်းကြားပါ့မယ်နော်"

"ကျွန်တော် ဟိုမိန်းမနဲ့အတူတူ တရတ်ပြည်မှာသွားနေရတော့မှာဗျ

ကျွန်တော်ဖြူ့အပေါ်မှာရော သမီးလေးအပေါ်မှာပါ

တာဝန်မကျေခဲ့ဘူးဗျာ

ကျွန်တော့်အပစ်တွေပါ ကျွန်တော် ဟိုရောက်လို့ အခြေကျရင် မသရဖီကို ဆက်သွယ်လိုက့်ပါ့မယ်

သမီးလေးကိုတော့ရှာပေးထားပါနော်

ကျွန်တော် တောင်းပန်ပါတယ်နော်"

သရဖီခေါင်းသာငြိမ့်ပြလိုက်တယ်
သူ့ရင်ထဲမှာလဲ ဝမ်းနဲ့ပတ်လက်နဲ့ပေါ့

နှင်းဆီဖြူနဲ့မိုးသောက်ဦးဆိုတာ ဆင်းရဲပေမယ့် အရမ်းရိုးသားကြတဲ့ လင်မယားတွေပါ

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now