Part18(uni+zawgyi)

5.2K 274 2
                                    

Uni

ကိုယ့်မှာသာလက်ထပ်ရတော့မှာမို့တစ်နေကုန် စိတ်တွေ လှုပ်ရှားနေလိုက်ရတာ

နက်ကတော့ တော်တော်သွေးအေးလိုက်တာဆိုတာလေ ပြီးတော့

စာချုပ်မှာသက်သေလုပ်ပေးဖို့ရောက်လာကြတာကိုလည်းကြည့်ဦး တစ်ယောက်ကသူ့ကိုညဖက်လိုက်လိုက်ပို့နေတဲ့ အကောင်ရယ်

သူနဲ့မေမေကသဘောတူထားပါတယ်ဆိုတဲ့ဒေါက်တာသီဟရယ်

ပြီးတော့ အာကာ့အစ်ကိုကိုကျော်စွာရယ်

ကိုကျော်စွာကတော့ထားပါတော့ သူ့ကိုလိုက်လိုက်ပိုနေတဲ့အကောင်ကလေ

ငိုထားတာမှန်းသိပ်သိသာနေတယ်

ရုပ်ကဟန်တောင်မဆောင်နိုင်ဘူး

သူနဲ့နက်ကဘာတွေမို့လို့လဲမသိဘူး

.......
လူကတစ်နေကုန်ဘာမှမစားရသေးလို့လားမသိ

နေလို့ကမကောင်း ဒီကြားထဲအန်လိုက်တော့ တော်တော်ပင်ပန်းသွားတယ်

"သမီးသိလား သားကလေ မေမေနေမကောင်းရင်ဆန်ပြုတ်ပြုတ်တိုက်နေကြ အရင်က သားနဲ့မေမေပဲရှိတော့ မေမေနေမကောင်းရင် သားကကိုယ်တိုက်ဆန်ပြုတ်ပြုတ်ကျွေးတယ်

သူပြောဘူးတယ် မေမေနဲ့သားမိန်းမကိုပဲ သားကဆန်ပြုတ်ပြုတ်တိုက်မှာတယ့် ဟင်းဟင်း သားဟာလေ သမီးကိုတော့ "

"မဟုတ်ဘူး ဒေါက်တာ ကိုမိန့်အာဏာမှာ ချစ်ရသူရှိပြီးသားပါ

ကျွန်မကိုလည်း သူ့သူငယ်ချင်းရဲ့အသက်ကိုသေစေခဲ့တဲ့သူအနေနဲ့ပဲ မြင်ခဲတာပါ ဒေါက်တာအထင်မမှားပါနဲ့ "

"နက် ဒီမှာဆန်ပြုတ်စားလို့ရပြီနော်

ကိုယ်ကြက်ဥပါထည့်လာတယ် မင်းအားရှိအောင်လို့ များများစားနော် "မိန့်ဝင်လာတော့ သူတို့စကားစပြတ်သွားတယ်

"သမီးရယ် မေမေ့ကိုဒေါက်တာလို့တော့မခေါ်ပါနဲ့တော့ သူစိမ်းအရမ်းဆန်လို့ပါ မေမေကလေ"

"တောင်းပန်ပါတယ်ဒေါက်တာ ကျွန်မမခေါ်ပါရစေနဲ့ ပြီးတော့ ကိုမိန့်အာဏာရောရှိတုံး တခါတည်းရှင်းရှင်းလင်းလင်းပြောချင်တယ်

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now