Part30(uni+zawgyi)

5.3K 216 20
                                    

Uni

"နင်တာဝန်မဲ့လှချည်လားမိန့် 

နင်ငါ့သားမိန့်အာဏာရောဟုတ်ရဲ့လား 

နင်ဖျက်ဆီးလိုက်လို့ကြွေသွားတဲ့ပန်းကို

နင်ကတာဝန်မယူရင် ဘာ်သူတာဝန်ယူမှာလဲ

ဘာလဲ နင့်ကိုငါက

နင်ယုတ်မာ   လူမဆန်ခဲ့တဲ့အကြောင်းကို ဂုဏ်ဖော်ပြီးပြောနေရဦးမှာလားဟင်"

"ဘယ်လိုမေမေ သားက သားက သူ့ကို ဟာမဖြစ်နိုင်တာ"

​"အေးမဖြစ်နိုင်ဘူးဆို

မင်းခုချက်ချင်း အိမ်ပြန် မင်းရဲ့ diary ကို

မင်းဟာမင်းပြန်ဖတ်ကြည့်လိုက်

မင်းဘယ်လောက်လူမဆန်လဲဆိုတာ

သိသွားလိမ့်မယ် "

မိန့်ဘာမှမပြောနိုင်တော့ဘူး

နက်ကိုစိတ်မချပေမယ့်

သူခုချိန်မှာ အမှန်တရားကိုသိရမှဖြစ်မယ်

ကားပေါ်တက်လိုက်တော့

ခုံမှာ နက်ရဲ့သွေးတွေ သူအတန်ငယ်သတိရလာတယ်

နက်သွေးတွေ နက် ရေချိုးခန်းထဲမှာ သူ့လက်ကိုဓားနဲ့ လှီးပြီး သက်သေဖူးတယ်

ဘာလို့လဲ စဉ်းစားစမ်း

ပြီးတော့ ခြေထောက်မှာ လည်းသွေးထွက်ဖူးတယ် အသံသေးသေးလေးပဲထွက်ခဲ့နိုင်တယ့်

နက်ရဲ့မျက်နှာနုနုလေး

မိန့်ခေါင်းတွေ ချာချာလည်နေအောင်ကိုမူးနေပီ

မျက်လုံးကိုစုံမှိတ်လိုက်တော့ မျက်ရည်တွေနဲ့ နက်ကို မြင်နေရတယ်

{"[အား နက် မငိုနဲ့ ကိုယ်ဘာမှမဖြစ်ဘူး ကိုယ်အား "
"မပြောပါနဲ့တော့ နာနေမယ် ကျွန်မတို့ဆေးရုံသွားကြမယ်လေနော်  မအိပ်လိုက်နဲ့နော် ကိုမိန့် မအိပ်နဲ့နော်"

"မငိုပါနဲ့နက်ရယ် အင့် ကိုလေ နက်ကိုချစ်တယ်နော် နက်ငိုရင် ကိုယ်အရမ်းခံစားရလို့ မငိုနဲ့တော့နော် နက်"]}

မျက်လုံးတွေ ပြန်ဖွင့်လာနိုင်ပေမယ့်

မျက်ရည်တွေနဲ့ သူဘာကိုမှ မမြင်နိုင်

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now