Uni
အာကာနဲ့ ဝေယံမောင်တို့ရောက်လာကြတယ်
"ငါတို့က မင်းအတန်းမှာသွားရှာနေတာ ဖုန်းဆက်တော့လည်းမကိုင်ဘူး "
"အာ ဟုတ်သားပဲ ငါ့ဖုန်းက ကားပေါ်မှာကျန်ခဲ့တာကိုး "
"ငါကားပေါ်မှာ ဖုန်းသွားယူလိုက်ဦးမယ်
ယမုံမင်းလည်းပြန်တော့
ငါလည်းဖုန်းယူပြီးတာနဲ့ အတန်းတက်တော့မှာ ဟေ့ကောင်တွေသွားရအောင်"
"မိန့်မင်းဘာလို့ ဆောင်းဦးယမုံနဲ့တွဲနေသေးတာလဲ
မင်းတော့နော် မင်းမှာ မိန်းမနဲ့လေကွာ"
"ငါလဲတွဲချင်လို့တော့မဟုတ်ဘူး
သူ့ကိုတကယ်ချစ်လားမချသ်လားတောင်မသိပါဘူးကွာ "
"ဒါဆိုလည်းတွဲမနေပါနဲ့တော့ကွာ
မင်းလဲမကြိုက်ဘဲနဲ့"
ဝေယံမောင်ပြောတော့
အာကာကလည်း
"မင်းမိန်းမသနားပါတယ်ကွာ သူ့မှာ"
"နေစမ်းပါကွာ ငါအရမ်းစိတ်တွေရှုပ်နေပြီ"
"အေး ခုတော့မင်းငါတို့ပြောတာနားမထောင်ဘူးနော်
ပြီးမှ ကယ်ပါကူပါလာမလုပ်နဲ့
ဇာနည်သွေးရဲ့ diaryကိုဖတ်ကြည့်ဦး
ငါမနက်ဖြန်ယူလာခဲ့မယ်
မင်းနောင်တရပြီသာမှတ်"
"အေးကွာ ငါလည်းနောင်တရချင်နေပြီ
စိတ်တွေလည်းရှုပ်လိုက်တာဆိုတာလေ ကဲငါသွားပြီ
ဖုန်းယူပြီး အတန်းတက်တော့မယ်"
"အေးအေး ငါတို့နှစ်ယောက်လည်း ဒီနေ့ မင်းလုပ်တာနဲ့ အတန်းတောင်မတက်ရသေးဘူး လာဝေယံ ငါတို့သွားမယ် "
အာကာတို့နဲ့လမ်းခွဲပြီး မိန့်ကားရပ်ထားတဲ့နားကိုရောက်တော့ နှင်းဆီနက်ကို တွေ့တယ်
ဗိုက်လေးနှိပ်ပြီး တစ်လှမ်းချင်းလျှောက်လာတယ် မိန့်ရင်ထဲထိပ်သွားတယ်
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်