Part26(uni+zawgyi)

4.6K 186 12
                                    

Uni

"သူကရော ဘယ်သူလဲ"

နက်ကိုလက်ငြိုးလေးထိုးပြီးမေးလိုက်တဲ့စကားက !သေဒဏ်!ဆိုပြီးပြောလိုက်သလိုပဲ နက်ကမ္ဘာကြီးပျက်သွားတယ်

"ကျွန်မ ကျွန်မနှင်းဆီနက်လေ ကို ကိုမမှတ်မိဘူးလား "

မိန့် နက်ကို မျက်လုံးစိမ်းကြီးနဲ့ကြည့်နေတယ် တခါမှမကြည့်ဘူးတဲ့မျက်လုံးတွေနဲ့ပေါ့

"ဖြစ်မှဖြစ်ရလေ ကိုကိုရယ် ကိုကို အရမ်းနာနေလားဟင်

ယမုံဘာလုပ်ပေးရမလဲ အားမနာနဲ့နော် ယမုံက ကိုကို့ ချစ်သူလေ မှတ်မိတယ်မဟုတ်လား"

"သား သားမိန့် သတိရလာပီ့လား "

မေမေပြေးဝင်လာပြီးဖက်လိုက်တော့ မိနိ့လဲ အလိုက်တသိပဲ မေမေ့ရင်ခွင်ထဲဝင်လိုက်တယ်

"မေမေ စိတ်ပူလိုက်ရတာကွယ် ခုသက်သာလား ခေါင်းရောကိုက်သေးလား"

"သားဘာဖြစ်သွားတာလဲမေမေ "

"သား နက်လေးကို ထွက်ရှာရင်း နက်တို့လမ်းထိပ်မှာ ကားတိုက်မိတာလေ"

"နက် နက်ကဘယ်သူလဲ မေမေ"

"ဟင် သား နက်လေ သားနက်ကိုမမှတ်မိဘူးလား"

"မေမေရာ သားမသိပါဘူး မေမေနောက်မနေနဲ့ သားအားလုံးကိုမှတ်မိတယ် သူ့ကိုသားမသိဘူး ဟေ့ မင်းဘယ်သူလဲ"

သွားပြီ    နက်ဘဝကြီး ထပ်ပြီးရစရာမရှိတော့ဘူး နက်မျက်လုံးတွေပြာပြီး ခေါင်းတွေမူးသွားတယ်

"သမီး သမီးသတိထားလေ

သမီးလေး နပ်စ် တွေ လာကြပါဦး

သမီးကို ဘေးအခန်းမှာလှဲ ခိုင်းထားလိုက်ပါ

မိန့် သားမင်းသေချာစဉ်းစားပါဦး

နက်က မင်းကိုယ်တိုင်လက်ထပ်ထားတဲ့ မင်းရဲ့တရားဝင်ဇနီးပါ"

​ဒေါ်သရဖီပြောနေတုန်း "ဆေးရုံအုပ် operations စလို့ရပါပြီ"

"ကောင်းပြီ ငါလာခဲ့မယ်

ကဲသားတို့ အန်တီကိုကူညီပါဦး နပ်စ်တွေမလာခင် သားကိုတစ်ချက်ကြည့်ထားပေးပါဦးနော် "

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now