Part28(uni+zawgyi)

4.6K 184 36
                                    

Uni

ထမင်းစားပြီး အိပ်လိုက်တာ ဘယ်လောက်တောင်ကြာသွားလည်းမသိ

နိုးလာတော့ ညနေတောင်စောင်းနေပြီ

"ဟေ့ ဒီမှာ ငါရေချိုးမလို့ ငါ့ကိုတသ်ချက်ကူညီပေးဦး "

မိန့်ခေါ်လိုက်တော့

နက်ကရေချိုးခန်းထဲက ရေကို အပူအရေးညှိပေးပြီး

အက်ျိကို လာချွတ်ပေးတယ်

ခေါင်းက ဒါဏ်ရာက အက်ျီချွတ်ရင်ထိမှာစိုးလို့သာ အကူအညီတောင်းလိုက်ရတာ

နက်ကိုကြည့်လိုက်တော့ မျက်နှာက ခရမ်းချဉ်သီးလိုပဲ နီရဲနေတာ

"ကဲ ရေချိုးပြီးရင်ဝတ်မယ့် အက်ျီပါထုတ်ထား ပေးနော် "

နက်ခေါင်းငြိမ့်ပြလိုက်တယ်

ရေချိုးပြီးပြန်ထွက်လာတော့

နက်က စာကြည့်စားပွဲမှာ မျက်နှာနဲ့ စာအုပ်နဲ့ ကပ်တော့မယ်

ခေါင်းငုံ့ထားတာ ဘာလဲဟ ငါတို့က လင်မယားပဲကို ဘာတွေဒိလောက်ရှက်နေတာလဲမသိဘူး

"ဟေ့ မင်းကျောင်းမသွားဘူးလား ကျောင်းတက်တာလဲမတွေ့ဘူး"

"ဟို ကိုမိန့်အာဏာနေကောင်းမှပဲ

သွားမလားလို့ပါ ခုက အ်ိမ်မှာလဲ ရှင်တစ်ယောက်တည်းဆိုတော့"

"ငါနေကောင်းနေပြီပဲ သွားပေါ့ မင်းကငါတက်မှတက်ရအောင် ငါတို့က ကျောင်းတူလို့လား "

"အင်း တူတူပဲလေ"

"ဟေ ဟုတ်လား မင်းကဘယ်အတန်းကလဲ"

"ကျွန်မက ကိုမိန့်အာဏာကောင်မလေးနဲ့ အခန်းတူတူပဲ"

"အော်ဆောင်းဦးယမုံနဲ့ အတန်းတူတူပဲကို ဒါကြောင့်ယမုံက မင်းအကြောင်းကို ကကြီးကနေအ အထိသိတာပေါ့

ကောင်းပါတယ်လေ

ငါလည်းငါ့နားမှာရှိတဲ့လူအကြောင်းအားလုံးသိထားရတော့ "

"......"
မိန့်ဖုန်းထမြည်တယ်

"ဟယ်လို ယမုံ လား
အင်းသက်သာပါတယ်
ဟုတ်လား တော်တာပေါ့

ဘယ်တော့သွားရမှာလဲ
အင်းအင်းဒါပဲနော်"

"မင်း ငါ့ကို အာလူးနဲနဲကြော်ပေးပါလား မင်းမနေ့ကကြော်သလိုမျိုးလေ ငါဗိုက်ဆာနေလို့"

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now