Part33(uni+zawgyi)

5K 185 11
                                    

Uni
"မေမေ နက်ကိုကြည့်ရတာ သားတော့ သိပ်အားမရဘူးနော်

အစားလည်းသိပ်မဝင်ဘူး

ဆန်ပြုတ်လည်း အရင်ကလောက်မစားဘူး အခြားဟာဆို ပိုတောင်ဆိုးသေးတယ်"


"မေမေလည်း အကောင်းဆုံးနည်းလမ်းကိုရှာနေတာပဲသား သမီးလေးကို သူ့ဘဝမှန်ပြောပြဖို့ အချိန်ရောက်ပြီထင်တယ်"



"ဘာလို့လဲမေမေ သူ့ဟာသူတောင် မကျန်းမာတဲ့သူကို ထပ်မနှိပ်စက်ပါနဲ့တော့မေမေရယ်

သားမိန်းမခမျာ ထပ်ဝမ်းနည်းရရင် မလွယ်ဘူး"


"မဟုတ်သေးဘူးသား

နက်ရဲ့molarခွဲစိပ်မှုမှာ
မျိုးရိုးထဲက တစ်ယောက်ရဲ့ ချဉ်ဆီလိုအပ်တယ်သား

နက်ဖေဖေမှာ သမီးတစ်ယောက်ရှိတယ်လို့ ကြားတယ်

မေမေတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပဲ "

"မေမေတို့ နက်ကို အသိမပေးပဲလုပ်လို့မရဘူးလား

နက်ရဲ့အုပ်ထိမ်းသူကသားလေ သားပဲ လက်မှတ်ထိုးပေးမယ်

သူ့ကိုတော့ပေးမသိပါနဲ့ဦးမေမေရယ်

သူ့ကို ကလေးမွေးပြီး အားလေးရှိမှ ဖွင့်ပြောကြတာပေါ့နော်မေမေရယ်"

"သားသဘောပါ မေမေလဲ

အမှန်ဆို သမီးလေးစိတ်ပင်ပန်းဆင်းရဲရမှာကိုလုံးဝအဖြစ်မခံချင်ပါဘူး

သားရယ် ကဲလာ သမီးလေးအခန်းထဲသွားရအောင်"

​နက်ကဆေးရုံတက်နေရတုန်းမို့လို့

မေမေရောသူရော အိမ်မပြန်ဖြစ်တာ ကြာပြီ

ဆေးရုံမှာပဲအိပ်ကြတယ်

ခုလည်း နက်ကိစ္စတိုင်ပင်ရအောင် နက်အိပ်နေတဲ့အချိန် ဒေါ်သရဖီရဲ့နားနေခန်းမှာ စကားပြောဖြစ်ကြတာ

သားအမိနှစ်ယောက်ရောက်လာတော့ နှင်းဆီနက်က အိပ်ယာကနိုးနေပြီ

"ကိုယ့်မိန်းမက နိုးနေပြီလား ကျားကျားကိုမတွေ့လို့ စိတ်ပူနေတာလား ကျားကျားကလေ"

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now