Part10(uni+zawgyi)

5.8K 240 0
                                    

Uni

မိန့် ရေချိုးပြီး အပေါ်ထပ်ကဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ မိသားစုသုံးယောက်နဲ့မေမေဆီမှရယ်သံတွေထွက်နေတယ် နှင်းဆီနက်ကတော့ မီးဖိုချောင်ထဲမှာ ချက်နေတုန်း

"အော် သားလာထိုင်ဦး မိတ်ဆက်ပေးရအောင် ဒါကျွန်မသား မိန့်အာဏာပါ သားဒါက သီဟ ရဲ့မေမေနဲ့ဖေဖေ "

"ဟုတ်ကဲ့ ကျွန်တော်မိန့်အာဏာပါ"

"သားက အချောပဲ ဆေးရုံအုပ်ရေ တစ်နေ့လောက် သားအတွက် ချွေးမတစ်ယောက်လောက် မိတ်ဆက်ပေးဦးမှပါ"သီဟရဲ့မေမေကပြောလိုက်တဲ့စကားကို

"တော်ပါပြီဗျ ကျွန်တော်ကကိုယ့်အစွမ်းအစနဲ့ကိုယ်ပဲရအောင်ယူမှာပါ မိဘအားကိုးမှရတဲ့မိန်းမတော့မယူချင်ပါဘူး"

ဒေါ်သရဖီမျက်နှာပျက်သွားတယ်

"ဟားဟား ဆေးရုံအုပ်ကြီးရဲ့သားကတော်လိုက်တာ ကျွန်တော့်သားကတော့ မိဘတွေဆီခုထိအပူကပ်နေတာသာကြည့်တော့ဗျ"

"ဒေါက်တာတို့ ထမင်းစားလို့ရပါပြီ အထဲကိုကြွပါ"နှင်းဆီနက်လာပြောတော့ အားလုဲးထမင်းဝိုင်းဆီကိုသွားကြတယ်

"သမီးကရော"ဒေါက်တာသရဖီမေးလိုက်တော့"နောက်မှစားတော့မယ်ဒေါက်တာ ကျွန်မ ဟင်းချက်ထားတော့ ဟင်းဆော်တွေနံနေလို့ပါ"

"မဟုတ်တာပဲသမီးရဲ့ အန်တီတို့ဦးတို့က သမီးချက်တဲ့ထမင်းကိုပဲ လာစားတာမဟုတ်ဘူး သမီးဘယ်လောက်ချောလှပြီးလိမ္မာရေးခြားရှိလဲဆိုတာ လာကြည့်တာ

ကဲပါမေမေတို့နဲ့တစ်ခါတည်းဝင်စားလိုက်"နက်ကိုဒေါက်တာသီဟနားမှာ ထိုင်ခိုင်းပြီး မိန့်ကသူတို့နှစ်ယောက်ရှေ့တည့်တည့်မှာ ထိုင်မိလျက်သားဖြစ်နေတယ်

"ထည့်စားကြနော် အားမနာနဲ့ သမီး သီဟကိုထည့်ပေးလိုက်ဦးလေ "နှင်းဆီနက်က ခေါင်းငြိမ့်ပြပြီး ဒေါက်တာသီဟ ပန်းကန်ထဲ ဟင်းတွေထည့်ပေးလိုက်တယ်

"သမီးလေးက လက်ရာတော်တော်ကောင်းတာပဲ အန်တီတို့တော့သမီးကိုတသ်ခါတည်းတောင် အိမ်ခေါ်သွားချင်နေပြီ"

"မေမေ သားဝပြီ ဦးနဲ့အန်တီ ကျွန်တော့်ကိုခွင့်ပြုပါဦး ဒေါက်တာသီဟ ကျွန်တော်အရင်ထနှင့်ပြီနော်"မိန့်ထမင်းဘယ်လိုမှဆက်မစားနိုင်တော့ဘူး အခန်းထဲရောက်တော့ ဘာကိုဒေါသထွက်လို့ထွက်နေမှန်းလဲမသိ ဘာကိုမကျေနပ်မှန်းလဲမသိ နေမရထိုင်မရနဲ့ဖြစ်နေတယ်

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်On viuen les histories. Descobreix ara