Extra

15.8K 973 136
                                    

Unicode

တူတူရှိနေခဲ့သောအချိန်တွေကလှလှပပ ပင်ကုန်ဆုံးလာခဲ့ရာ taehyungမွေးဖွားမည့်နေ့ပင်နီးကပ်လာခဲ့ပြီ။ ဗိုက်ပူတင်းလေးကနေ အခုဆိုပူတင်းကြီးကိုဖြစ်လို့။
မွေးဖွားမည့်ရက်ကပိုပိုနီးလာပြီဖြစ်သလို jungkookမှာလည်း သူ့ရဲ့ကလေးကိုဘာမှမခိုင်းရက်မလုပ်ရက်တဲ့အပြင် တစ်ချိန်လုံးအရိပ်တစ်ကြည့်တစ်ကြည့်ဖြင့်ရှိနေတော့ သည်။

သူမွေးဖွားမဲ့လကိုရောက်တည်းက ကိုကိုမှာအလုပ်တွေအကုန်အိမ်မှာပဲလုပ်ပြီး ရုံးကိုမသွားတော့။
သူ့မှာအပေါ်ထပ်မှအောက်ထပ်သို့ဆင်းသည်ကိုပင် ကိုကိုပါမှဆင်းရသည်။ ရေချိုး၊ထမင်းစားစသည့်အသေးအမွှားကိစ္စလေးတွေကအစ ဂရုတစိုက်ရှိနေပြီးအချစ်ပိုနေတတတ်သောသူ့ကိုကိုရယ်ပါ။
ပျက်ကွက်ခဲ့တာတွေအတွက် ပိုချစ်ပေးပါ့မယ်၊ ပိုဂရုစိုက်ပေးမယ်ဆိုပြီး အရင်ကပြောခဲ့ဖူးသည့်သူ့စကားအတိုင်း သေးသေးတွေကအစဂရုစိုက်ပေးပြီး ပျော်နေတတ်သောကိုကိုက တစ်ကယ့်ကိုတာဝန်ကျေပွန်နွေးထွေး
လွန်းတဲ့ခင်ပွန်းကောင်းမျိုးပင်။

"ထယ်...ကုတင်ပေါ်မှာပဲခဏထိုင်နေနော် ကိုယ်ရေသွားယူလိုက်မယ်....
ဘယ်မှလျှောက်သွားမနေနဲ့တော့နော် ကိုယ်ခဏလေးပဲကြာမှာ"

"ဟုတ်ကဲ့ပါကိုကိုရဲ့ ထယ်ဘယ်မှမသွားပါဘူး။ စိတ်ချနော်"

အခုလည်းအိပ်တော့မဲ့သူ့ကို ခြေဆေးပေးဖို့အတွက်လုပ်ပေးနေခြင်းပင်။
ရေချိုးခန်းထဲရေသွားယူရမှာကိုပင်စိတ်မချနိုင်ပဲ ကုတင်ပေါ်ထိုင်နေသည်ကို တစ်တွတ်တစ်တွက်မှာနေခြင်းဖြစ်သည်။

"အင်းအင်း ခဏပဲ...မကြာဘူး"

ရေချိုးခန်းထဲဝင်သွားသောကိုကို့ ကိုကြည့်ပြီးကြည်နူးစွာပြုံးလိုက်မိသည်။
သူ့ဘဝရဲ့ယုံကြည်နားခိုရာအနွေးဆုံးသောရင်ခွင်ပိုင်ရှင်။
ကိုကို့ကိုပိုင်ဆိုင်ခွင့်ရတာကို သူအများကြီးကံကောင်းသည်ဟုယူဆမိသည်။

နွေးထွေးလွန်းပြီး ကိစ္စသေးသေးတွေကအစဂရုတစိုက်ရှိတဲ့ကိုကိုက သူ့အပိုင်ဆိုသောအတွေးကိုတွေးမိတိုင်း ခံစားရတဲ့ခံစားချက်ကပြောမပြတ်တတ်အောင်ပင်။
ထိုခံစားချက်တွေကဘယ်အရာနဲ့မှအစားထိုးမရအောင် တန်ဖိုးကြီးလွန်းလှသည်။တွေးမိတိုင်း ရင်ထဲတသိမ့်တသိမ့်တက်လာသောချစ်ခြင်းမေတ္တာနဲ့မြတ်နိုးခြင်းများ။
ကိုကို့ကိုအရမ်းချစ်ရသလို အရမ်းလည်းမြတ်နိုးရပါသည်။

Behind The Same (Completed) Tahanan ng mga kuwento. Tumuklas ngayon