part (25)

9.9K 950 112
                                    

Unicode

Taehyungစိတ်တွေက စိုးရိမ်ပူပန်မူတွေဖြင့်ပူလောင်တင်းကျပ်လို့နေသည်။
လက်လေးတစ်ဖက်က ဗိုက်စူစူလေးပေါ်ဖွဖွလေးပွတ်သပ်နေမိပြီး အတွေးပေါင်းများစွာဖြင့်ကားပြတင်းပေါက်ကိုကျော်ကာ အပြင်ဘက်ကိုငေးကြည့်နေမိ၏။
သို့ပေမဲ့ သူ့မျက်လုံးထဲလမ်းတစ်လျှောက်အရာတွေအား ဘာတစ်ခုမှမမြင်ရ။
မြင်နေမိသည်က ​ပြုံးနေသောကိုကို့ရဲ့ပုံရိပ်နဲ့အတူ မားရဲ့အပြုံးချိူချိုလေးတွေ.....။
သိပ်ချစ်ပါတယ်ဆိုသော လူတွေအကုန်လုံးကို သူထားခဲ့ရတာတော့မှာ....။

ဝမ်းနည်းစိတ်တွေကို အတတ်နိုင်ဆုံးထိန်းထားပေမဲ့ ထွက်သွားရမယ်ဆိုတာတွေးမိတိုင်းမျက်ရည်တွေကအလိုလိုဝဲတက်လာရသည်။ အတွေးတွေထဲလွင့်မျောနေမိသောသူသတိထားမိချိန် သူတို့ခြံရှေ့သို့ပင်ရောက်လို့နေခဲ့ပြီ......။
တစ်ရွေ့တစ်ရွေ့မောင်းဝင်သွားသော
ကားလေးက အိမ်ရှေ့မှာရပ်လိုက်တော့ ကားတံခါးဖွင့်ဆင်းဖို့ပင် သူ့ခြေလှမ်းတွေက လေးလံလို့နေခဲ့သည်။

နာကျင်မူတွေကြားအလူးအလဲခံနေရသော နှလုံးသားတစ်စုံက စိတ်လူပ်ရှားမူတွေကြောင့်အခုန်မြန်လာရလျှင် သူ့လက်ဖဝါးလေးတွေကအေးစက်လာသည်။
လက်တစ်ဖက်က ဆေးစစ်အဖြေအလွှာကိုတင်းတင်းဆုပ်ကိုင်ထားသလို နောက်ထပ်လက်တစ်ဖက်က အရင်ကတိုင်းဗိုက်ပေါ်မှာဖွဖွတင်ထားမိသည်။
နောက်ဆုံးစိတ်ကိုတင်းလိုက်ရင်း ကားထဲမှထွက်လာခဲ့လျှင် အိမ်ကြီး၏တိတ်ဆိတ်မူက သူ့ကိုအေးစက်စွာကြိုဆိုလို့နေသည်။
ထိုအခြေအနေကသူ့ရဲ့စိတ်အစဉ်ကို ပိုပြီးပင်
ခြောက်ခြားလာအောင်ဖန်တီးလို့နေ၏။

လေးလံနေသောခြေလှမ်းတွေကိုဆွဲယူရင်း အိမ်ထဲသို့ တစ်​ဖြည်းဖြည်းလျှောက်ဝင်လာခဲ့လျှင် စိမ်းသက်သောစကားသံတစ်ခုကြောင့် လန့်ကာခန္ဒာပင်တုန်တက်သွားခဲ့ရသည်။
အသံပိုင်ရှင်အားရှာကြည့်မိတော့ သူနဲ့ရွယ်တူလောက်ရှိမည့် ယောက်ျားတစ်ယောက်။
Taeyeonသူငယ်ချင်းများလား.....

"ပြန်လာပြီလား ငါ မင်းကိုစောင့်နေတာ...."

သူ့ကိုကြည့်နေသော ထိုတစ်ယောက်ရဲ့အကြည့်တွေက သူ့အားလှောင်ပြောင်နေကြသလို။
ပြုံးပြလိုက်တဲ့အပြုံးတစ်ချက်ကဟာလည်း ခနဲ့ခြင်းများဖြင့်....။
ပူလောင်ရှုပ်ထွေးနေသောစိတ်ကြောင့် သူအခုလိုမြင်မိတာဖြစ်နိုင်ပေမဲ့ အခုချိန်ဘယ်သူ့ကိုမှစကားပြောချင်စိတ်မရှိ။
တင်းကျပ်နေသောခံစားချက်တွေကို အခန်းထဲကြိတ်ငိုပြီး ဖြေဖျောက်ချင်နေမိပြီ။
အဲလိုငိုပြီးရင်လည်း တင်းကျပ်မူတွေပြယ်ပျောက်သွားမှာမဟုတ်မှန်းသိပေမဲ့ အခုချိန်အရမ်းပင်ပန်းနေပြီမို့။ ဟုတ်တယ် သူအရမ်းပင်ပန်းနေပြီစိတ်ရော၊လူရော......

Behind The Same (Completed) Where stories live. Discover now