part (24)

9.1K 870 65
                                    

Unicode

ကိုယ်လုံးပေါ်မှန်ကြီးရှေ့ရပ်နေသောသူမ။
မျက်နှာပုံစံ၊ ကိုယ်ခန္ဒာအချိူးအစား၊အဝတ် အစားအပြင်အဆင် အရာရာမှာပြည့်စုံသာလွန်နေသော ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်နေမိ၏။ မှန်ထဲတွင် ပြီးပြည့်စုံကာလှပလွန်းနေသောမိမိပုံရိပ်အားကြည့်ရင်း ဒေါသကအရှိန်အဟုန်ကြီးစွာထွက်လာရသည်။
ဟိုနေ့က အကြောင်းအရာတွေကခေါင်းထဲအစီအရီဝင်ရောက်လာတော့ နူတ်ခမ်းသားတွေကိုတင်းတင်းကိုက်ထားမိလျက်သား။

သူမလိုပြီးပြည့်စုံပြီးအရာရာမှာထူးချွန်နေတဲ့လူမျိုးကိုတောင် ဂျွန်မို့လို့ပစ်ပစ်ခါခါငြင်းရက်သည်။
အကြောင်းအရင်းက သူလက်ထပ်ထားတဲ့ ဟိုလူလိမ်ကောင်ကြောင့်ပါတဲ့။ ဘယ်လောက်တောင်မှရယ်စရာကောင်းလိုက်လဲ.....
သူမလိုပြီးပြည့်စုံတဲ့သူမျိုးနဲ့ ဟိုလူလိမ်ကောင်က နိူင်းယှဉ်စရာမလိုလောက်အောင်အကွာကြီးကွာလွန်းနေသည်က အသိသာကြီးပင်။

သူမမှာသာ ဂျွန့်ကိုချစ်လွန်း၍londonကနေ koreaထိလိုက်လာခဲ့ရသည်။
ထိုအတွက်ပြန်ရလိုက်သည်က ဂျွန်နဲ့တစ်ခြားတစ်ယောက်ရဲ့မင်္ဂလာပွဲနှင့်အတူ ဂျွန်ရဲ့ရင့်ရင့်သီးသီးစော်ကားစကားတွေသာ။
ဘယ်လောက်တောင်မှခံပြင်းစရာကောင်းလိုက်လဲ....။

အရင်က သူမဘက်ကစပြီးသစ္စာဖောက်ခဲ့မိတာအမှန်​ဆိုပေမဲ့ တစ်ကယ်တန်းသေချာစဉ်းစားမိချိန် ဂျွန်ကသာသူမဘဝရဲ့မရှိမဖြစ်မို့အရာရာကိုထားခဲ့ပြီး ဂျွန့်ရဲ့အချစ်ကိုပြန်ရအောင်နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ရတာ သူကိုယ်တိုင်သာအသိဆုံးပင်။
မိန်းကလေးဂုဏ်သိက္ခာတွေကိုမေ့ထားပြီး
ကြိုးစားရခဲ့တာတွေက အသိမှတ်ပြုခြင်းမခံရသည့်အပြင် အထင်သေးသောမျက်ဝန်းတွေ၊ စကားတွေဖြင့်ရက်ရက်စက်စက်တုံ့ပြန်မူတွေကိုသာ ဘက်ပြန်အဖြစ်သူမရရှိခဲ့သည်။

ထိုအရာတွေကိုတွေးနေမိချိန် သူမမှာနူတ်ခမ်းတွေကိုပြတ်ထွက်မတတ်ဖိကိုက်ထားမိပြီး မျက်ဝန်းအတွင်းမှ မျက်ရည်တွေဟာလည်းပါးပြင်ထက်ခုန်ပေါက်ကျဆင်းလာသည်။
ထို့နောက် မျက်ရည်ကြားမှပင်သူမနာနာကျင်ကျင်ပြုံးမိ၏။
မှန်ထဲမှ မိမိပုံရိပ်ကိုပြန်ကြည့်ရင်း....

Behind The Same (Completed) Where stories live. Discover now