Unicode
မှောင်မိုက်တိတ်ဆိတ်နေတဲ့ လမ်းမကြီးထဲလမ်းမီးရောင်မှိုင်းပြပြတွေ ကြီးစိုးနေသည့်အမှောင်ထုကြီးကိုကောင်းစွာ မထိုးဖောက်နိုင်။ လွယ်ထားသော ဘေးလွယ်အိပ်လေးကို လက်နှစ်ဖက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး လမ်းအတိုင်းခြေလှမ်းတွေကိုခပ်မြန်မြန်လေးလျှောက်နေမိသည်။
တစ်ခါမှမရောက်ဖူးခဲ့ပါသော seoulမြို့ကြီးထဲတစ်ယောက်တည်းသွားနေရတာမကြောက်ဘူးဆိုရင် သူလိမ်ရာကျပေလိမ့်မည်။ လွယ်အိတ်ကြိုးတွေကိုခပ်တင်းတင်းဆုတ်ကိုင်ထားတဲ့လက်တွေရယ်၊ သွက်သွက်လှမ်းနေတဲ့ခြေလှမ်းတွေရယ်က သူ့ကြောက်ရွှံမူ၏ပြယုဒ်များ။
လျှောက်လာတဲ့ခြေလှမ်းတွေကို လမ်းမီးတိုင်တစ်ခုသို့အရောက်မှာရပ်တန့်လိုက်၏။
ဘေးလွယ်အိပ်လေးထဲကထုတ်ယူလိုက်သည့်ဖုန်းအစုတ်လေးထဲက လိပ်စာအားကြည့်ပြီး သူလေးလံစွာသက်ပြင်းချက်မိသည်။တစ်ခါမှမရောက်ဖူးတဲ့seoulမြို့ကြီးမှာ ထိုလိပ်စာကိုသူဘယ်လိုရှာရမည်နည်း။
အကောင်းဆုံးက taxi ငှားစီးပြီးရှာရန်သာ။Daeguက seoulသို့ မှီရာကားဖြင့်လိုက်လာခဲ့ရတာကြောင့် seoulကိုရောက်ချိန်မှာ ည9နာရီပင်ထိုးတော့မည်။
အေးစိမ့်စိမ့်ကျောချမ်းဖွယ်လေစိမ်းများနှင့်
တိတ်ဆိတ်သည့်အမှောင်ထုက သူ့ကိုစောင့်ကြိုနေသလိုလမ်းမပေါ်တွင်လည်း ကားအနည်းငယ်ကသာပြေးလွှားနေကြသည်။
သူတောက်လျှောက်ခေါ်နေသောဖုန်းမှာလည်းစက်ပိတ်ထားသည်ဟူ၍သာ။"မင်းအရမ်းကံဆိုးပါလားKim Taehyung"
ကိုယ့်ဘာသာတိုးတိုးညည်းညူလိုက်မိခြင်း။
လောကကြီးပေါ်က ကံဆိုးမူတွေအကုန်လုံးက
သူ့တစ်ယောက်တည်းအတွက်များလား.....
ဘယ်လောက်ထိအခုလို ကံဆိုးမူမျိုးနဲ့ကြုံရဉီးမှာလဲtaehyungရယ်...။ မွေးကတည်းကမိဘရင်းတွေဆိုတာ ဘာမှန်းမသိခဲ့ရတဲ့ သူ့ဘဝ။ မွေးစားအဖေနဲ့သာကြီးပြင်းခဲ့ရပြီး အဖေရင်းမဟုတ်သည့်တိုင် သားအရင်းလိုအချစ်ခံရတာကတော့ သူ့ဘဝရဲ့ကံဆိုးမူတွေထဲက ကံကောင်းမူတစ်ခုသာ။
YOU ARE READING
Behind The Same (Completed)
Fanfictionကိုကိုက ထယ့်ကိုချစ်ခဲ့တာမှမဟုတ်တာ ...... ကိုကိုချစ်တာ ကိုကိုငယ်ငယ်ကတည်းကဂရုစိုက်ချစ်ပေးခဲ့တဲ့ထယ်ကိုလေ... ထယ်ကသာကိုကိုရဲ့ချစ်တွေကို ဟန်ဆောင်ရယူသလိုဖြစ်နေခဲ့တာပါ..... Kim Taehyung