part (11)

8.9K 923 66
                                    

Unicode

"သားjungkookလာပြီလား။
ထယ်ထယ်​လေးကတော့ အခုမှရေချိုးခန်းဝင်သွားတယ်ကွယ်.... အန်တီလည်းပြောနေတာပဲ မီးဖိုချောင်ကမထွက်နိုင်ဖြစ်နေတာအဲကလေးက "

"ရပါတယ်တီငယ်....
ပါတီကိုဖေဖေတို့ အရင်သွားနှင့်ပါပြီ။ အစော‌ရောက်လာတဲ့ဧည့်သည်တွေကို
ဖေဖေတို့ပဲဧည့်ခံထားပါလိမ့်မယ်ဗျ"

"တီငယ်တို့မလာနိုင်တာလည်းတစ်ကယ်တောင်းပန်ပါတယ်ကွယ်။ တီငယ်ရောမင်းရဲ့တီတီကြီးရောက Busanကပြန်ရောက်တည်းကနေမကောင်းဖြစ်ချင်နေကြတာ။ အသက်တွေကြီးလာလို့စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ဘူးထင်ပါရဲ့ကွယ်။  သားရဲ့ဂုဏ်ပြုပါတီကျမှနှစ်ယောက်လုံးဖြစ်ရတယ်လို့"

"ရပါတယ်တီငယ်ရယ်...။
ကျမ်းမာရေးကသာ အရေးကြီးတာပါ။ ပါတီမလိုက်နိုင်တာကိုလည်းစိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်တော်နားလည်ပါတယ်"

"အင်းကွယ်... တီတီလည်းအခုနောက်ပိုင်းတော်တော် ကျမ်းမာရေးချူချာလာတယ်.... ဟော လာပါပြီကိုယ်တော်ချောလေး...."

Mrs Kimရဲ့စကားကြောင့်နောက်ကိုယ်လှည့်ကြည့်လိုက်တဲ့jungkookမှာ သူ့ရဲ့က​လေးကို
မြင်တော့ငေးခနဲ့တောင်ဖြစ်သွားရသည်။
ငေးလောက်အောင်လည်းtaehyungမှာ ပြည့်စုံချောမောနေ၏။
ပန်းနုရောင်suitလေးကဝင်းမွတဲ့အသားအရည်လေးရှိသည့်taehyung နှင့် ပနံသက်လိုက်ဖက်လွန်းနေခဲ့သည်။
အများသူငါဝတ်လိုက်လျှင် အဆင်မပြေလွန်းသည့်ပန်းရောင်suitက taehyungဝတ်လိုက်တော့ နူးညံ့သိမ့်‌မွေ့‌နေသည့်ပန်းပွင့်လေးနှယ်။

မြင်လိုက်ရတဲ့ကလေးရဲ့ပုံစံလေးကြောင့် သူ့မှာမျက်နှာပင်မလွဲနိုင်.....။
အရင်ကတီရှပ်အပွလေးတွေ ဘောင်းဘီတိုလေးတွေနဲ့သာမြင်နေခဲ့ရတဲ့ကလေးက အခုလိုsuitဝတ်ထားတော့လည်း သန့်ပြန့်ချောမွကာကြည့်ကောင်းနေပြန်သည်။
သို့ပေမဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးကလည်းမပျောက်။ Suitနဲ့လူကြီးလေးထယ်ထယ်က ချစ်စရာလေးဖြစ်နေပြန်သည်။

သူကိုယ်တိုင်သေချာရွေးထားတဲ့ ပန်းရောင်suitလေးနှင့် ကလေးကထင်ထားတာထက်ကိုပိုလိုက်ဖက်လွန်းနေကာ ဆောင်းညတွင် ငွေရောင်နှင်းရည်တွေအားသောက်သုံး၍ လန်းဆန်းနုပျိုနေသည့်ချယ်ရီပန်းလေးအတိုင်း။

Behind The Same (Completed) Dove le storie prendono vita. Scoprilo ora