part (17)

9.3K 966 50
                                    

Unicode

"ထယ်ထယ်တော်ပြီလားကလေး....."

"ဟုတ်....ထယ်သိပ်မဆာလို့ပါတီတီ။
ထယ်အရင်သွားနှင့်လိုက်တော့မယ်နော်။ လေးလေးရော ကိုကိုရောထယ့်ကိုသွားခွင့်ပြုကြပါအုံး"

ထမင်းနည်းနည်းလေးသာစားပြီး ထမင်းဝိုင်းမှ ထွက်သွားတဲ့ကျောပြင်လေးကိုjungkookကြည့်ပြီးသက်ပြင်းချလိုက်မိသည်။ နာကျင်နေတဲ့ နှလုံးသားတစ်စုံမှာလည်းပိုပြီးပင်နာကျင်ရ၏။
ကလေးရဲ့အပြုမူတွေနဲ့ သူ့ရဲ့နှလုံးသားကတိုက်ရိုက်အချိုးကျနေတာ။

ကိုယ်နဲ့လက်ထပ်ထားရတာက မင်းကိုအဲလောက်တောင်စိတ်ညစ်စေတာလားကလေးရယ်။ အခုလိုလုပ်ခဲ့တာက မင်းကိုချစ်လွန်းလို့...အဆုံးရူံးမခံနိုင်လို့ပါကွာ။
မင်းကတော့ဘယ်နားလည်ပါ့မလဲထယ်ထယ်.... နားလည်အောင်လည်း မကြိုးစားကြည့်ခဲ့ဖူးဘူးမလား.....။

Taehyungထမင်းစားချင်စိတ်မရှိတာကြောင့် နည်းနည်းလေးသာစားပြီးထမင်းဝိုင်းမှထလာခဲ့လိုက်သည်။
မျော်လင့်ထားတဲ့အရာတွေအကုန်လုံးပျက်သွားသလို မမျော်လင့်ထားတဲ့အရာတွေက ရုတ်တရက်ဖြစ်ပျက်သွားတော့ အတွေးတွေများကာထမင်းစားချင်စိတ်မရှိသလို ဘာမှလည်းလုပ်ချင်စိတ်မရှိ။
အခုလိုထမင်းနည်းနည်းသာစားပြီးထွက်လာခဲ့မိတာကြောင့်ကိုကိုတစ်ခုခုပြောမယ်ထင်ခဲ့မိပေမဲ့ ကိုကိုတစ်ချက်သာကြည့်ပြီးဘာမှမပြော.....။ ထိုအခါသူရင်တွေနာရပြန်သည်။
ကိုကို တစ်ကယ်ပဲသူ့ကိုစိတ်ပျက်သွား
ပြီထင်ပါ၏။
ကိုကိုရဲ့အေးစက်မူတွေက ထင်ထားတာထက်ပိုနာကျင်ရစေသည်။

အခန်းတစ်ခုထဲမှာ ကိုကိုနဲ့အတူတူရှိနေပေမဲ့ အရမ်းဝေးနေသလို ခံစားချက်ကရင်ထဲနေရာယူနေ၏။ ကုတင်နဲ့ခပ်လှမ်းလှမ်းမှာရှိနေတဲ့အလုပ်စားပွဲပေါ် လက်တော့ပ်နဲ့အတူအလုပ်တွေရှုပ်နေတဲ့ကိုကို...။
အခန်းထဲဝင်လာတည်းက ထိုနေရာမှာထိုင်ပြီးအလုပ်လုပ်နေခဲ့တာ11နာရီကျော်နေခဲ့ပြီအခုထိလုပ်နေတာမရပ်သေး။
​ဝင်လာတုန်းကသူ့ဘက်ကို တစ်ချက်လှမ်းကြည့်တာကြောင့် တစ်ခုတစ်ခုပြောဖို့သူမျော်လင့်မိခဲ့ပေမဲ့ဘာမှမပြော။

ဘေးတစ်စောင်အနေထားမြင်နေရတဲ့ကိုကို့မျက်နှာကိုသာငေးကြည့်နေမိသည်။
မီးရောင်အောက်မှာ T-shirtအဖြူလေးကိုသာပေါ့ပေါ့ပါးပါးဝတ်ထားတဲ့ကိုကိုရဲ့
အသားအရေတွေကဖြူနုလို့နေ၏။
နှာတံချွန်ချွန်လေးနဲ့မေးရိုးထင်းထင်းကြောင့် တစ်စောင်းမြင်ရတဲ့အနေအထားမှာတောင် ကိုကို ပုံစံကဆွဲဆောင်ကအပြည့်။
တစ်ဖြည်းဖြည်းကုန်လာခဲ့တဲ့အချိန်တွေက သန်းခေါင်ယံရောက်နေခဲ့ပြီ...။
screenပေါ်မှာသာအာရုံစိုက်နေတဲ့ကိုကိုက  12ခွဲလောက်မှာတော့ထိုင်နေရာမှထလာခဲ့ပြီ။

Behind The Same (Completed) Where stories live. Discover now