Final

16.1K 1K 107
                                    

Unicode

လေညှင်းအေးလေးတွေက‌ နေရောင်နုနုလေးများဖြာကျနေသည့် ညနေခင်းလေးကိုအေးစိမ့်စိမ့်လေးဖြစ်အောင်ဖန်တီးလို့နေသည်။ တစ်ဖန်ပန်းလေးများကိုလည်း ကျီစယ်တိုးဝှေ့၍ပန်းရနံ့မွှေးမွှေးလေးများအား သယ်ဆောင်လာသောလေပြေလေးတွေကြောင့် ပန်းခြံထဲမွှေးသင်းနေတော့၏။

သဘာဝလှပတရားများဖြင့် သာယာနေသည့်ပန်းခြံထဲရှိနေသော သူသည်လည်း
သဘာဝ၏ အရသာများအားခံစား၍ငြိမ်သက်စွာရပ်နေမိသည်‌။
ထိုအချိန် တစ်ခုသောအသံလေးကသူ့၏ငြိမ်သက်တိတ်ဆိတ်မူကိုတိုက်စားသွားခဲ့၏။ ရင်ဘတ်ထဲထိတိုးဝင်လာသော ထိုအသံသေးသေးလေး.....။

"PaPa သားသားရေခဲမုန့်ဂျားချင်ရို့"

"ဟမ်..."

သူ့ရဲ့နောက်ကျောဘက်မှကြားလိုက်ရသောထိုအသံသေးသေးလေးကြောင့် လှည့်ကြည့်မိတော့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့သူကိုမော့ကြည့်နေသော ကလေးလေး...။

သူကြည့်နေတာမြင်တော့ ထိုကလေးလေးကသူ့ရဲ့ယုန်သွားလေးနှစ်ချောင်းပေါ်အောင်ထိပြုံးပြသည်။
မျက်လုံးဝိုင်းလေးတွေ၊နူတ်ခမ်းပါးပါးလေးနဲ့ ယုန်သွားလေးတွေကတစ်ယောက်သောသူနှင့်ချွတ်စွတ်တူနေသယောင်....။
လေးနှစ်အရွယ်လေးမျှသာရှိသေးမည့် ထိုကလေးလေးက သူ့ကိုပါးပါးပါတဲ့။
ဘာကြောင့်ရယ်မသိ ပါးပါးဆိုသောထိုအသံလေးကသူ့နှလုံးအိမ်ကို ချိုမြိုင်နူးညံ့သွားစေသည်။ 

သူကလေးကိုကြည့်ပြီး အတွေးထဲလွင့်မျောနေတုန်း နောက်ထပ်ခေါ်သံတစ်ခုကြောင့်
နွေးထွေးမူတွေကရင်ထဲထိစီးဝင်လာလျှင် ရင်တွေအဆမတန်အခုန်မြန်လာရသည်။
ဘယ်တော့မှ..... မေ့နိုင်မည်မဟုတ်သော အသံ....။ နွေးထွေးလွန်းသော ထိုအသံက စွဲဆောင်မူရှိသည့်ခပ်ပါးပါးနူတ်ခမ်းဖျားလေးမှ မြစ်ဖျားခံလာမည်ကို အခုန်မြန်နေသောသူ့နှလုံးသားကသိလို့နေခဲ့သည်။

"ထယ်...."

အသံလာရာကို ရင်ခုန်စွာကြည့်မိတော့
စိမ်းသက်မူမရှိသောအပြုံးလေးနဲ့အတူ အရင်ကလိုမြတ်နိုးမူတွေပြည့်နေသည့် မျက်ဝန်းတွေဖြင့် သူ့ကိုကြည့်နေပါသောကိုကို...။

Behind The Same (Completed) Where stories live. Discover now