part (7)

9.6K 1K 27
                                    

Unicode

အိပ်ရာပေါ်ရောက်သည့်တိုင် အိပ်မရဖြစ်နေသောtaehyungမှာဟိုဘက်လှိမ့်ဒီဘက်လှိမ်ဖြင့်။ ဟိုဟိုဒီဒီလျှောက်တွေးနေမိရင်းမှ နေ့လယ်ကအကြောင်းအရာများကိုအတွေးရောက်သွားခဲ့သည်။
ထိုအခါ အသဲပုံနှုတ်ခမ်းလေးမှ ခပ်ခပ်တိုးတိုးရွေရွက်မိသောအမည်တစ်ခု။

" Min SoHee. ...."

အဖြေရှာမရသောမေးခွန်းများစွာက သူ့ဦးနှောက်ထဲတောက်လျှောက်ဝင်ရောက်လာကြ၏။ ထိုအခါ သူ့စိတ်တွေလေးလံလာသည်။

သူမကကိုကိုနဲ့ဘယ်လိုပတ်သက်နေတာလဲ။ပြောပုံဆိုပုံတွေက သူမကပဲကိုကို့အကြောင်းတွေအကုန်သိနေသလို။
London ကပြန်သွားပြီးတည်းကမတွေ့ဖြစ်တာဆိုပြီးလည်း သူမပြောခဲ့တာမလား...ဒါဆိုသူမကကိုကိုနဲ့londonမှာအတူရှိနေခဲ့ကြတာလား....။ taeyeonအကြောင်းကိုပါ ကိုကိုကပြောပြထားတာဆိုတော့ တော်ရုံရင်းနှီးခင်မင်မူမျိုးတော့မဖြစ်နိုင်။ သူမက ကိုကို့အတွက်အရေးပါတဲ့သူများလား....။

ဒါဆိုဘာလို့လဲ.....။
ဘာလို့ကိုကိုက မရင်းနှီးတဲ့ပုံစံမျိုးနဲ့သူမကိုဆက်ဆံရတာလဲ။ တစ်ယောက်ကအရမ်းရင်းနှီးတဲ့ပုံစံမျိုးဆက်ဆံသလောက် တစ်ယောက်ကတော့ အေးအေးဆေးဆေးပင်ဖြစ်ရာ ဒါကဘယ်လိုဆက်ဆံရေမျိုးလဲ.....။

ဒီနေ့မှာကိုကိုက  သူ့ကိုခင်ပွန်းလောင်းဆိုပြီး သူမနဲ့မိတ်ဆက်ပေးခဲ့တယ်။ အမှန်တိုင်းဝန်ခံရရင် ကျေနပ်နေမိသလိုပဲ။
တစ်ကယ်တော့ သူကစစ်မှန်တဲ့အမှန်တရားတစ်ခုကိုမေ့ပြီး ကျေနပ်နေခဲ့မိတာ။ 

ကိုကိုဆိုတာ သူနဲ့ဘာမှပတ်သက်ဆက်နွယ်မူရှိတဲ့သူမှမဟုတ်တာလေ။ အချိန်တန်ရင်သူ့လိုအယောင်ဆောင်တစ်ယောက်က ကိုကိုနဲ့အတူနွေးထွေးလွန်းတဲ့ဒီမိသားစုကြီးကိုပါထားပြီးထွက်သွားရမှာတော့မှာ.....။

ဒီလိုအခြေအနေမျိုးနဲ့သူ့အတွက် ချစ်မြတ်နိုးမူတွေလား။ မဖြစ်နိုင်တာလေ....။
အခုလိုအချိန်မှာ ချစ်မြတ်နိုးမူတွေဆိုတာသူ့အတွက်တော့ ရေနဲ့မီးလိုဘယ်လိုမှမအပ်စပ်သင့်သည့်အရာ။
ဒါပေမဲ့လည်း သူ့ရင်ထဲသူကိုယ်တိုင်တောင်မှခွင့်မပြုပါပဲ ဖြစ်တည်လာတဲ့ခံစားချက်တစ်ရပ်ကတော့ ထိုမအပ်စပ်သည့်အရာနှင့်ငြိတွယ်သွားခဲ့လေပြီ။

Behind The Same (Completed) Where stories live. Discover now