part (3)

11.1K 1.1K 12
                                    

Unicode

ပွင့်လာခဲ့သောမျက်လုံးတစ်စုံက မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသော အလင်းရောင်စူးစူးကြောင့်နောက်တစ်ကြိမ် ပြန်မှိတ်သွားခဲ့သည်။ ပိတ်ထားတဲ့လိုက်ကာစတွေကိုကျော်လွန်ပြီးအလင်းရောင်ကအခန်းထဲသို့ကြီးစိုးဝင်ရောက်နေခဲ့ပြီဖြစ်၏။

ထိုအလင်းရောင်တွေက အိပ်ရာထဲတွင်အိပ်နေသေးသောအကြင်သူတစ်ယောက်အား နောက်ကျနေပြီဖြစ်ကြောင်းကို ဖော်ကျူးနေကြသော အချင်းအရာများသာ...။

မနေ့ညကတော်တော်လေး ညဉ့်နက်ပြီးမှအိပ်ပျော်သွားတာကြောင့် သူအခုချိန်မှနိုးလာခဲ့ခြင်းဖြစ်သည်။ Londonကရောက်တည်းကကောင်းကောင်းမအိပ်သေးရသေးတာကြောင့် အိပ်ပျော်သွားတာထင်ပါ၏။
ဘေးနားမှဖုန်းကို ယူကြည့်မိတော့ကိုးခွဲနေလေပြီ....။ ရေချိုးသန့်ရှင်းရေးလုပ်ပြီးအောက်ထပ်ကိုဆင်းလာတော့ ဖေဖေ့ကိုရောမေမေ့ကိုပါမတွေ့.....။

မီးဖိုချောင်ခန်းထဲဝင်လာလိုက်တော့ ဒေါ် ကြီးအွန်တစ်ယောက်တည်းသာ ချက်ပြုတ်အလုပ်ရှုပ်နေသည်။
သူထင်ထားခဲ့တာက မေမေ့ပါရှိနေလိမ့်မည်လို့။ ဖေဖေကတော့အခုချိန်လောက်ဆို အလုပ်ကိုသွားလောက်ပြီ....။

"jungkookလေး မနက်စာစားတော့
မှာမလား... အဒေါ်ကြီးပြင်ပေးမယ်လေ"

"မဟုတ်ဘူးဒေါ်ကြီးအွန် မေမေ့ကိုမတွေ့လို့။
မေမေ့ဘယ်သွားတာလဲ.... တွေ့မိသေးလား "

"အော်...Mrs Jeonကအိမ်အနောက်ဘက်ကအပင်တွေဆေးသွားဖြန်းနေတာထင်တယ်jungkookလေး... စောနကတော့ဆေးသွားဖြန်းမယ်ပြောတာကြားလိုက်သလားလို့.... "

"ဟုတ် ကျေးဇူးပါဒေါ်ကြီးအွန်..."

တိုက်အ​ပြင်ဘက်ကိုထွက်လာတော့ မြင်လိုက်ရတဲ့ပန်းပင်တွေက အမြောက်အမြား...။
ပန်းပင်မျိူးစိတ်တွေ၊ ရွက်လှပင်အိုးကြီးတွေနဲ့အတူ စိမ်းစိုစိုသစ်ပင်ကြီးတွေကခြံဘေးနားတွေမှာနေရာယူနေကြပြီး အပင်ကြီးတွေရှေ့ဘက်တွင်နေရာတကျသေချာ ပျိုးထားတဲ့နှင်းဆီပန်းခင်းကြီး...။
ပန်းခင်းထဲမှ နှင်းဆီပန်းပွင့်ရောင်စုံတို့ကအရောင်သွေးစုံလင်စွာဖြင့်ဖူးပွင့်လို့နေကြသည်မှာဖွေးဖွေးလှုပ်လို့....။

Behind The Same (Completed) Where stories live. Discover now