part(4)

10K 1K 18
                                    

Unicode

Taehyungအိပ်နေရင်းမှ တစ်မျိုးကြီးခံစားလာရတာကြောင့်အိပ်ရတာစိတ်မလုံတော့။ တစ်စုံတစ်ယောက်က မိမိကိုစိုက်ကြည့်နေသလိုမျိုး အိပ်ပျော်နေသည့်တိုင်မသိစိတ်က လှုံ့ဆော်ပေးနေသည်။
ထို့ကြောင့် အိပ်နေရင်းတောင်ရင်တွေတုန်ရီလာရ၏။

ထိုခံစားချက်ကြောင့် လေးလံနေသေးသောမျက်လွှာတွေကိုအတင်းဖွင့်ယူလိုက်တော့ မထင်ထားတဲ့အခြေအနေတစ်ခုကြောင့် taehyung၏အိပ်ချင်စိတ်တွေဟာကြက်ပျောက်ငှက်ပျောက်။
ချက်ချင်းပင် အိပ်ရာကလန့်ကာထထိုင်မိသည်။

ကိုကိုက သူအိပ်နေတဲ့ကုတင်ဘေးမှာထိုင်ပြီးသူ့ကိုစိုက်ကြည့်နေတာ...။
ကိုကို့မျက်ဝန်းတွေကထွက်ကာစနေမင်းကြီးလိုနွေးထွေးလို့နေပေမဲ့ ရုတ်တရက်မို့သူလန့်သွားမိတာကြောင့် ကိုကို့ကိုအားနာရပြန်တယ်....။

"ကိုကို!"

ထယ်ထယ်လေးရဲ့အခန်းထဲရောက်လာတော့ ခြုံထားတဲ့စောင်အစွန်းလေးကိုတင်းတင်းဖက်ပြီး အိပ်နေသေးသော
အကောင်ပေါက်လေး....။

အိပ်နေသေးတဲ့ကလေးရဲ့ မျက်နှာနုနုလေးကိုကြည့်မိတော့ ရင်ထဲအဓိပ္ပါယ်ဖော်မရတဲ့ခံစားချက်တစ်ချို့ကတစ်သိမ့်သိမ့်ဖြစ်လာခဲ့သည်။ ပိတ်ထားတဲ့မျက်လွှာလေးအောက်နားတွင် ရှည်လျှားမဲနက်ကာ ပါးပြင်နုနုထက်ပင်အရိပ်ထင်နေသော မျက်တောင်ကော့ကော့တွေနှင့် နှာခေါင်းလုံးလုံးလေးကမိန်းကလေးတွေပင်အရှုံးပေးရအောင်လှလွန်းသည်။
အိပ်နေလို့ခပ်ဟပ်ဟပ်လေးဖြစ်နေတဲ့ နူတ်ခမ်းလွှာရဲတွတ်တွတ်လေးတွေမှာလည်း အသဲယားဖွယ်အတိ။

မထင်ထားပဲတွေ့လိုက်ရတဲ့နှာခေါင်းလုံးလုံးလေးပေါ်က ခပ်မှိန်မှိန်မှဲ့နက်လေး။
ထယ်ထယ်လေးမှာဒီမှေ့နက်လေးရှိတာကိုသူဘာကြောင့်သတိမထားမိခဲ့တာလဲ နားမလည်နိုင်...။ သူနဲ့အတူရှိတုန်းက ထယ်ထယ်လေးကငယ်သေးတာကြောင့် မှေ့လေးကိုမမြင်ရပဲ
ကြီးလာတော့မှ နည်းနည်းထင်းလာသည်လား။ အခုတောင်မှဲ့လေးက မှိန်မှိန်လေး...။

သူတွေးနေတုန်းနိုးလာတဲ့ထယ်ထယ်....။
သူ့ကိုမြင်တော့လန့်သွားတာထင်၏။
အိပ်နေရာကအမြန်ထထိုင်လိုက်ကာ မျက်လုံးလေးများကပြူးကျယ်လို့...။

Behind The Same (Completed) Where stories live. Discover now